spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းရှိရာကို စစ်ကောင်စီက လေးရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ် ကြားမှာရှိတဲ့ ငွေတောင်ရွာသစ်ကျေးရွာအနီးမှာ ရိက္ခာပို့တဲ့ စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတဲ့အတွက် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေကို ဦးတည်ပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ လေးရက်ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည်ပိုင်းက စတင်ပစ်ခတ်ခဲ့ပေမဲ့ အကြိမ်ရေနည်းပြီး၊ နောက်ရက်တွေမှာတော့ ညအိပ်စက်ချိန် နဲ့ မနက်စောပိုင်းတွေမှာ ပစ်ခတ်တဲ့အကြိမ်ရေ များတယ်လို့ ဆိုပါတယ်။

” ၄ ရက် နေ့မှာပေါ့နော။ နောက် ၅ ရက်နေ့မှာခါကျတော့ အကြိတ်အနယ်ထုတယ်ပေါ့ အဲ့လိုပုံစံမျိုး။ ၆ ရက်နေ့မှာ ခါကျတော့ ပိုကျဲသွားတာပေါ့” လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ ဖရူဆိုနဲ့ ဒီးမော့ဆိုပြည်ထောင်စုလမ်းမပေါ်သွားနေတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ယာဉ်တန်းပါကားတချို့ ပျက်စီးဆုံးရှုံးသွားတာကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူဖြင့် အဆမတန်သုံးစွဲခဲ့သလို၊ တိုက်ပွဲနဲ့ ဝေးရာဖြစ်တဲ့ အရပ်သားပြည်သူတွေ ရှိတဲ့နေရာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

“အလုံးကြီးတွေ တောက်လျှောက်ထုတယ်ပေါ့နော။ ထုခါကျတော့ အသံပြောင်းက ကိုယ့်ဖက်လှည့်ပြီး အကျယ်ကြီးပဲဆိုတော့ ကိုယ်ကအသံကြားကတည်းက ကိုယ့်ဖက်ပဲဆိုပြီးတော့ နားထောင်ကြည့်တော့ မကြာဘဲနဲ့ ပန်ကာသံက ကိုယ့်ခေါင်းပေါ်မှာ ဖြတ်သွားသလိုပဲပေါ့နော။အသံကြားတာနဲ့ နီးပြီဆိုတော့ ၀ပ်ချလိုက်တာပေါ့။” လို့ ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဟာ ပြည်သူတွေရဲ့ အကြောက်တရားကိုစိုးမိုးဖို့ လုပ်တာဖြစ်တယ်လို့ ကရင်နီပြည်သူ့ရင်ခွင် တာ၀န်ခံ ကိုယုန်လေးကပြောပါတယ်။

“ဒီလိုပဲ သူတို့ကတော့ပစ်မှာပဲ။ ဒါစစ်ကောင်စီ အမြဲပြုလုပ်လေ့ရှိတဲ့ အလုပ်တခုဖြစ်တယ်။ ဆိုတော့ သူတို့ဒါ ခြိမ်းခြောက်တာလေး။ အကြောက်တရားကို အဓိကစိုးမိုးဖို့အတွက် ဒါ ခြိမ်းခြောက်တာလို့ပဲ ကျနော်တော့မြင်တယ်”လို့ ကိုယုန်လေးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ငွေတောင်အခြေစိုက်တပ်ရင်း ခလရ (၁၀၂)တပ်နဲ့ တခြားအခြေစိုက်နေရာတွေကနေ လေးရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts