spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီ လေယာဥ်ဗုံးကြဲ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ဒီကနေ့ ဇွန်လ ၄ ရက်နေ့ မနက် ၈ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

လေယာဥ်နဲ့ တစ်ကြိမ်လာရောက်ဗုံးကြဲပြီးနောက် လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း ( မ် ) ရဲ့ မြေပြင်သတင်းထောက်တစ်ဦးက ပြောပြလာပါတယ်။

“ကြည့်ရတာ ပစ်မှတ်ကို အတိအကျသိထားတာမျိုးပေါ့နော။ သူ(စစ်ကောင်စီ)လာပြီးတော့ ချက်ချင်းပဲ ချလိုက်တယ်။ ပြီးတော့ ပြန်လှည့်သွားတယ်။ ဟိုလိုမျိုး ဝေ့ဝှိုက်ပြီး ပတ်နေတာမျိုးတော့ မရှိဘူးပေါ့နော။ နောက်ပြီးတော့ သူပြန်သွားတဲ့အချိန်မှာ ၁၀၂ (ခလရ) တပ်ကနေ လက်နက်ကြီးတောက်လျှောက် ပြန်ပစ်တယ်။”လို့ သူက ပြောပါတယ်။

စစ်ကောင်စီ လေယာဥ်ဗုံးလာကြဲတဲ့နေရာနဲ့ အနီးအနားတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိသေးပါဘူး။ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုနဲ့ ပျက်စီးမှုအခြေအနေကိုတော့ ကန္တာရဝတီတိုင်း ( မ် ) ကနေ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာ အနီးတစ်ဝိုက်မှာ ဒေသခံတချို့ ပြန်လည်နေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img