spot_img
Monday, November 28, 2022
spot_img

ဒီးမော့ဆိုအရှေ့ခြမ်းမှာ စက်သုံးဆီပြတ်လပ်

spot_imgspot_imgspot_imgspot_img
၃၀၀၀ ကျပ်ဖြင့်ရောင်းချသော ဓါတ်ဆီ

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ရက်ပိုင်းကစ ဒီးမော့ဆိုမြို့အရှေ့ခြမ်းမှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ရောင်းချတဲ့ဆိုင်တော်တော်များများလည်း ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“အခုက ဘယ်လိုမျိုးလဲဆို အကန့်အသတ်နဲ့ရောင်းဖို့ထက် ရောင်းစရာကိုမရှိတော့တာ အဲ့လိုမျိုးလေ။ အခြားတနေရာကနေ ယူလာတဲ့ တစ်ပုံးစ နှစ်ပုံစ ပြန်ယူရောင်းလို့ရှိရင်လည်း တစ်လီတာကို ၅ထောင် အနည်းဆုံး ၅ထောင်ဈေးနဲ့ရောင်းကြတယ်။ အဲ့လိုမျိုး လုံးဝပြတ်သွားတာ ရောင်းလို့မရတာက နှစ်ရက်သုံးရက်လောက်ရှိပြီ။ တစ်ရွာလုံးမှာမှ ဓာတ်ဆီရောင်းတဲ့ဆိုင်က ၃၊ ၄ဆိုင်ရှိတယ်ဆိုလို့ရှိရင် အဲ့ ၃၊ ၄ ဆိုင်လုံးရှာမရဘူး ဘာဓာတ်ဆီမှရှာမရဘူး။ အခြားရွာမှာသွားရှာလည်းမရဘူး အဲ့လိုမျိုးဖြစ်နေတယ်။ တစ်ဘူးစ နှစ်ဘူးစ အဲ့လိုမျိုးတွေကျန်တယ် ။”လို့ ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

92 Ron အမျိုးအစား တစ်လီတာကို ၅၀၀၀ အထိ ရောင်းချနေရပြီး ပုံးဝါတစ်ပုံးကို ၇သောင်း၂ထောင်ကျပ်ထိ ပေးဝယ်ရတယ်လို့ ဆိုပါတယ်။ တချို့ဆိုင်မှာတော့ တစ်လီတာကို ၄ထောင်ကျပ်ရောင်းချတာရှိတာကြောင့် ပေးဝယ်ရတဲ့နေရာမတူတဲ့အတွက် ဈေးနှုန်းကွာခြားသွားတယ်လို့ ဆိုပါတယ်။

စက်သုံးဆီဝယ်လို့မရတာကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံအချို့ ဆိုင်ကယ်မစီးနိုင်တော့တဲ့ အခြေအနေရှိတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုမြို့ကို ကုန်ဝင်တဲ့ ကားတွေက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံနေရပြီး ဓာတ်ဆီတင်ဆောင်တာအတွက် အခွန်ကောက်ခံမှုရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခြေနေကတော့ တော်တော်တော့ဆိုးနေပြီလို့ပြောရမယ်။ဝယ်လို့ နည်းနည်းခက်တယ် ပြီးရင် သူတို့သွားဝယ်လာပြီး ပြန်လာတဲ့အချိန် အစစ်ဆေးတွေရှိတယ် သူတို့ အခွန်တွေကောက်တယ်ပြောတယ်။ ဓာတ်ဆီသယ်လာတဲ့ကားသမားတစ်ယောက်ပြောတာတော့ အခွန်တွေကောက်တယ်တဲ့။ ဒီရောက်တော့ ရွာမှာ ချပေးတာ တချို့ဆိုင်မှာပြန်ချပေးတာ ပုံးဝါတစ်ပုံးကို ၇သောင်း ၂ထောင်နဲ့ပြန်ချပေးတယ်။ ဝယ်တာတော့အဲ့လောက်မရှိဘူး ဒါပေမယ့် ကားလမ်းမှာလာတဲ့အချိန် စစ်ဆေးတော့ အခွန်တွေပေးရတော့ အဲ့လောက်ဈေးဖြစ်သွားတယ်ပြောတယ်။ ဆိုင်တိုင်းတောင်မရောင်းနိုင်တော့ဘူး ဆိုင်တော်တော်များများပိတ်ထားကြတယ်။ ရောင်းတဲ့ဆိုင်က အများကြီးမရောင်းပေးဘူး အကန့်အသတ်နဲ့ပဲ နည်းနည်းစီ တစ်လီတာကို ၄ထောင်နှုန်းနဲ့ အဲ့မျိုးရောင်းပေးတယ်။ တစ်ယောက်ကို အများကြီးမရောင်းဘူး။ ဆိုင်တိုင်းလည်းမရောင်းနိုင်တော့ဘူးကော။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်သုံးဆီဈေးမြှင့်တက်မှုကြောင့် လွိုင်ကော်မြို့ရှိ စက်သုံးဆီဆိုင်တွေမှာ ဩဂုတ်လ ဒုတိယပတ်ကစ အကန့်အသတ်ဖြင့်သာ ရောင်းချနေရပြီး 92 Ron အမျိုးအစား တစ်လီတာကို လက်ရှိမှာ ၃၀၀၀ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လွိုင်ကော်မြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်ပါက မီတာခဆောင်မှသာ ပြန်လည်ပြင်ဆင်ပေးနေ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ အိမ်သုံးလျှပ်စစ်မီးတွေ အကြောင်းအမျိုးမျိုးကြောင့်ပြတ်တောက်သွားရင် လျှပ်စစ်မီတာခ ဆောင်ပြီးမှ ပြန်ပြင်ပေးနေတာတွေ ရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “မီးပျက်ရင် မီတာခတွေ ဆောင်ပြီးမှ ပြင်ပေးတယ်။ ကိုယ့်အိမ်က ပြတ်လို့ သွားပြင်ခိုင်းရင် မီတာခဆောင်ခိုင်းတာမျိုးပေါ့။” လို့ သူက ပြောပါတယ်။ ၂၀၂၁ခုနှစ်...

စေတနာ့ဝန်ထမ်းတွေနဲ့ အလယ်တန်းအထိ တိုးချဲ့ဖွင့်လှစ်တဲ့ ကိုယ်ထူကိုယ်ထကျောင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ရွာတစ်ရွာက ကျောင်းတစ်ကျောင်းမှာ ဒေသခံကလေးတွေနဲ့ စစ်ရှောင်ကလေးတွေ ပညာဆက်ပြီးဆည်းပူးနိုင်ဖို့ လက်ရှိပညာသင်နှစ်မှာ ကျောင်းဖွင့် ထားတာ ၅ လ လောက်ရှိပြီလို့ ဆိုပါတယ်။ KG အတန်းကနေ ရှစ်တန်းအထိ ဖွင့်လှစ်ထားတဲ့ အဲ့ဒီကျောင်းမှာ ကျောင်းသူ၊သား ၁၅၀ ကျော် ပညာသင်ယူဆည်းပူး နေကြတာပါ။ အဆိုပါကိုယ်ထူကိုယ်ထကျောင်းမှာ စေတနာ့ဝန်ထမ်း...

မိုးဗြဲမှာ ကလေး ၃ဦး တောထဲသွားရင်း မိုင်းနင်းမိခဲ့၊ တစ်ဦးစိုးရိမ်ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်) မိုးဗြဲမှာ ယမန်နေ့ (နိုဝင်ဘာလ ၂၇ရက်) မွန်းလွဲ ၁၂နာရီအချိန် တောထဲသွားလည်နေတဲ့ ကလေးငယ် ၃ဦး မိုင်းနင်းမိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့ ဦးခေါင်း ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ ကျန်တဲ့သူကတော့ ပေါင်တစ်ချက်ထိတယ်။ ပေါင်ရယ် ၊...

ဖရူဆိုမြို့နယ် က စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ခန့် ဖျားနာနေ၊

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တောင်ဘက် ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ပြည်သူတွေ တစ်ဝက်ခန့် ဖျားနာနေပြီး လူဦးရေ ၃၀၀ ခန့်က ရောဂါပြင်းထန်တယ်လို့ စေတနာဝန်ထမ်း သူနာပြု တစ်ဦးကပြောပါတယ်။ အဆိုပါ ဆိုသယ် စစ်ရှောင်စခန်းမှာ လူဦးရေ ၁၇၀၀ ရှိနေတာပါ။ " ကလေးတွေဆို...