Wednesday, January 26, 2022

ဒီးမော့ဆိုအရှေ့ခြမ်းမှ ဝမ်းကွဲညီအစ်ကိုနှစ်ဦးပျောက်ဆုံးနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ဝမ်းကွဲညီအစ်ကိုနှစ်ဦး ငွေတောင်ဖက်မှာ ရိက္ခာဝယ်ဖို့သွားရင်း စက်တင်ဘာ(၂၂)ရက်နေ့မှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးထံကနေ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ ညီအစ်ကိုနှစ်ဦးမှာ စူးရယ်(၂၄နှစ်) နဲ့ ကျော်လင်းပိုင်(၂၁)နှစ် တို့ ဖြစ်ပြီး ငွေတောင်ဖက်ခြမ်းမှ စစ်ကောင်စီတပ်တွေရှိတဲ့နေရာမှာ ပျောက်ဆုံးသွားတာ ဖြစ်တဲ့အတွက် ပြန်လိုက်ရှာတာမျိုးတွေ လည်း မလုပ်ရဲကြဘူးလို့ ပျောက်ဆုံးနေသူနှစ်ဦးရဲ့ အဒေါ် ဖြစ်သူက အခုလိုပြောပါတယ်။

“ သွားပြန် ကြည့်တာမျိုးလည်း သူတို့ မလုပ်ရဲကြဘူး။ ဘာဖြစ်လဲဆိုလို့ရှိရင် ဒီးမော့ဆိုကနေစပြီး တော့မှ ခြောက်မိုင်၊ ဒေါပိုးစီအထိက တပ်စွဲထားတယ်ပေါ့နော။ တပ်စွဲထားခါကျတော့ အဲ့မှာ စစ်ကောင်စီ လက်ချက် ပဲ ဆိုပြီးတော့မှ သူများရိပ်မိကြတယ်ပေါ့။ သူတို့ပျောက်နေတော့ အကယ်၍ လိုက်ရှာတာမျိုး လုပ်ရင်လည်း လိုက်ရှာတဲ့ သူပါပါ ဖမ်းခံထိမှာ မျိုးတွေလည်း သူတို့ကြောက်ခါကျတော့ သူတို့ လိုက်မရှာကြဘူးပေါ့နော။ ဒီရက်အထိ ဆိုလို့ရှိရင်တော့ ခြောက်ရက်ရှိသွားပြီပေါ့နော။ အဲ့တာ အချိတ်အဆက်မရဘူး ဖြစ်နေတယ်ပေါ့။” လို့ အဒေါ်ဖြစ်သူက ပြောပါတယ်။

လက်ရှိပျောက်ဆုံးနေတဲ့ ဝမ်းညီအစ်ကို နှစ်ဦးထဲက စူးရယ်ဖြစ်သူမှာ ဖဲလျားရွာကဖြစ်ပြီး သားသမီး အတွက် လိုအပ်တဲ့ စားစရာတွေ၊ ကလေးအသုံးအဆောင်သွားယူရင်းနဲ့ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

“ သူတို့က စစ်ရှောင်ရင်းနဲ့ တစ်ယောက်က သူ့ကလေး သုံးယောက်ရှိတော့ စားစရာတွေလည်း မရှိတော့ သူ့ကလေး နို့မုန့်တွေလည်း သောက်ရသေးတယ်ပေါ့နော။ ဆိုတော့ ကျမထင်တာ သူ့ကလေးရဲ့ နို့ မုန့်သွားဝယ်တဲ့ ဟာမျိုးတွေ ကလေး ဒိုင်ဘာတွေ၊ စားစရာတွေ သွားဝယ်ဖို့အတွက် သူတို့သွားတာထင်တယ်။ ကျော်လင်းပိုင်လည်း ဒီးမော့ဆိုမှာ သူ့အိမ်လည်း ရှိတော့ ပစ္စည်းဝင်သယ်ဖို့ လိုတဲ့ ဟာမျိုးတွေနဲ့လည်း သူတို့ ပြန်ကြတယ်။’’ လို့ အဒေါ် ဖြစ်သူက ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်ပြည်သူတွေလည်း ရိက္ခာအခက်အခဲတွေ၊ အကြပ်အတည်းတွေ နဲ့ ကြုံတွေ့နေကြရပါတယ်။ ဒီးမော့ဆို အရှေ့ဖက် ခြမ်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၇ရက်)မှာလည်း အလံဖြူထောင်ပြီး လွိုင်ကော်ဖက်ကို ဆိုင်ကယ်နဲ့ သွားတဲ့ ဇနီးမောင်နှံ နှစ်ယောက်ကိုလည်း ၆ မိုင် လက်ဝါးကပ်တိုင်တောင်ကနေ သေနတ်နဲ့ ၁၁ ချက်ပစ်ခံရပြီး အမျိုး သမီးဖြစ်သူ ကျည်အနည်းငယ်စင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

More from the blog

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

ကရင်နီပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုရှိနေတဲ့အတွက် ပြည်သူတွေ ဗုံးခိုကျင်းတူး

https://youtu.be/yA1wSv22iXA ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ စစ်ရှောင်စခန်းတွေအထိပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ...