spot_imgspot_imgspot_imgspot_img
Tuesday, June 17, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းတွင် စစ်ဘေးရှောင်များပြားလာတဲ့အတွက် ရေကန်တူးဖော်

Author

Date

Category

လေးမြာ(ကန္တာရ၀တီတိုင်း(မ်))

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ဦးရေများပြားလာတာကြောင့် သောက်သုံးရေ လုံလောက်မှု ရရှိစေဖို့အတွက် ရည်ရွယ်ကာ ရေကန်တူးဖော်နေတယ်လို့ ရေကန်တူးဖော်ရေးတာဝန်ရှိသူ ခူးတီရယ်ကပြောပါတယ်။

“စစ်ဘေးရှောင်တွေဟာ တစ်နေ့ထက်တစ်နေ့ များပြားလာတဲ့အတွက် သောက်သုံးရေက မလုံလောက်တဲ့ အတွက် ကျွန်တော်တို့က ဒီ ရေကန်ကို ထပ်မံ တူးဖော်တာပါ။” လို့ တာဝန်ရှိသူ ခူးတီရယ်က ဆိုပါတယ်။

လက်ရှိ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ စစ်ဘေးရှောင်သောက်သုံးရေအတွက် ကားနဲ့သယ်လို့ အဆင်ပြေသေးပေမယ့် ဒီဇယ်တွေ အလဟတဖြစ်ပြီး ရေကန်တူးလိုက်ခြင်းဖြင့် ဒီရေကန်ဟာ အမှတ်တရတစ်ခုအဖြစ် ရေရှည်မှာ ကျန်ခဲ့မှာ ဖြစ်တယ်လို့ ခူးတီရယ်က ဆက်ပြောပါတယ်။

အဆိုပါရေကန်တူးဖော်ဖို့ ဘတ်ဂျတ် သိန်း ၁၀၀ ရရှိထားပြီဖြစ်ပါတယ်။ အလှူရှင်တွေ ထပ်ပေးလှူလာတာရှိရင်တော့ လိုချင်တဲ့ ရေကန်အတိုင်းအတာထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ်လို့ ခူးတီရယ်ကပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက ကျေးရွာတွေမှာ သောက်သုံးရေအတွက် ယခင်လုံလောက်မှုရှိပေမယ့် လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ များတာကြောင့် ရှိနေတဲ့ ရေကန်တစ်ကန်ထဲနဲ့ မလုံလောက်တော့တာကြောင့် ရေကန် ထပ်မံတူးဖော်ခြင်းဖြစ်ပါတယ်။

အဆိုပါ ရေကန်ကို ဧပြီလ (၃၀) မှာ စတင်တူးဖော်ခဲ့ပြီး အမှတ် ၁ ခရိုင် အုပ်ချုပ်ရေးမှူးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးတယ်လို့ သိရှိရပါတယ်။

spot_img
spot_img

Recent posts