spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ထီးဖိုးကလိုးကျေးရွာအုပ်စုမှာ ကိုဗစ် ၃၉ယောက်ထိ တွေ့ရှိ

ကန္တာဝတီတိုင်း(မ်)

ဒီးမော့ဆို၊ ထီးဖိုးကလိုးအုပ်စုတွင် ၈လပိုင်း(၂၁)ရက်နေ့က ကိုဗစ်စတွေ့ခဲ့ပြီး လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့ရှိသူ (၃၉)ဦးအထိ ရှိပြီလို့ ကိုဗစ်ရောဂါလူနာ များကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း တစ်ဦးပြောပြချက်အရသိရပါတယ်။

“ထီးသဲကလိုးက ၃၅ ယောက် ၊ ထီးဖိုးကလိုးက ၃ ယောက် ပြီးတော့ ဖဲလျားမှာက ၁ ယောက် အကုန်လုံးပေါင်းကို ၃၉ ယောက်လောက်ရှိပြီရှင့်။”

ထီးဖိုးကလိုးအုပ်စုမှာတော့ စုစုပေါင်း ကိုဗစ်(၃၉)ဦးတွေ့ရှိထားပြီး ကိုဗစ်တွေ့ရှိသူတွေကို သူတို့အိမ်မှာပဲ လော့ဒေါင်းချထားတယ်လို့ သိရပါတယ်။

လော့ဒေါင်းချထားတဲ့ အိမ်တွေကို လူငယ် ပရဟိတ အဖွဲ့ကနေပြီး လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေကို ပို့ပေးပြီး လက္ခာဏာပြင်းထန်တဲ့ လူနာတွေကို လွိုင်ကော်ဆေးရုံကြီးကို ပို့ပေးတယ်လို့ သိရပါတယ်။

RDT Test Kitတွေနဲ့ စစ်ဆေးတွေ့ရှိတာ ဖြစ်ပြီး Test Kitတွေကို ချွေတာပြီး သုံးနေတယ်လို့ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

” ဒီ test kitတွေကတော့ ကျမတို့အနေနဲ့ အလှူရှင်တွေကို တောင်းတယ်ပေါ့နော။ အလှူရှင်တွေ လှူပေးနိုင်သလောက်လှူပေးပါ ဆိုပြီးတော့ ဖြစ်နိုင်ရင်တော့ ကျမတို့ အကုန်လုံး စစ်ပေးချင်တယ်။ အခုက ချွေတာတဲ့ အနေနဲ့ ကျမတို့ positive contantတွေကို စစ်တယ်။ သံသယရှိတဲ့ လူတွေကို စစ်တယ်။ ပြီးတော့ အဝေးက ပြန်လာတဲ့ လူတွေကို စစ်တယ် ဆိုပြီးတော့ ကျမတို့ ချွေတာပြီးသုံးနေတယ်ပေါ့။ လောလောဆယ်တော့ လုံလောက်မှု မရှိပေမယ့် လူနာရဲ့ လိုအပ်ချက်နဲ့ တော့ နည်းနည်းတော့ အဆင်ပြေနေတယ်ရှင့်။ “

လက်ရှိမှာ ပရိဟိတ စေတနာ့ ဝန်ထမ်း တွေ လိုအပ်နေသေးပြီး ပြည်သူတွေ အနေနဲ့လည်း ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာပေးဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။

” ပြည်သူတွေအနေနဲ့ အခုတလော ဖြစ်နေတဲ့ ရောဂါ အပေါ် မူတည်ပြီးတော့မှပေါ့ ကျမတို့ လျော့ချနိုင်ဖို့အတွက် ပြည်သူတွေ အားလုံး နည်းနည်းလေး သူများတွေ လုပ်ဆောင်ပေးမှ ကိုယ်တွေက နားထောင်တာ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် အတွက် အများပြည်သူ အတွက် ကိုယ့်အတွက်သော်လည်းကောင်း ပြည်သူအတွက်သော်လည်းကောင်း နည်းနည်းပါးပါးလေး စည်းကမ်းလိုက်နာပေးဖို့ ပေါ့နော။ အဲ့လိုမျိုး လုပ်မှသာလျှင် ဒီကိုဗစ် က ထပ်မပြန့်ပွားဖို့ အကုန်လုံး ဝိုင်းဝန်းပြီးတော့ တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်လို့ ကျမပြောချင်ပါတယ်။ “

ကယား(ကရင်နီ)ပြည်နယ်မှာ လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့ရှိသူ ၂၃၃၃ဦးနဲ့ သေဆုံးသူ ၉၃ဦးအထိရှိသွားပြီ ဖြစ်ပါတယ်။

spot_img
spot_img