spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို၊ ဘုရားဖြူတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် တစ်ဦး ဆေးကုသရင်း ကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၁၁.၁၁ စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ က ဒီးမော့ဆိုမြို့နယ် ဘုရားဖြူ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသွားတဲ့ ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်တစ်ဦးဟာ ယမန်နေ့( နိုဝင်ဘာလ ၁၉ရက် ) မှာ ဆေးကုသမှုခံယူရင်း ကျဆုံးသွားတယ်လို့ သိရပါတယ်။

ဒီးမော့ဆို PDF ရဲ့ တပ်ရင်း ၄ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဖတီ ဆိုသူဖြစ်ပြီး ဦးခေါင်း ထိခိုက်ဒဏ်ရာကြောင့် ကျဆုံးသွားတာဖြစ်တယ်လို့ ဒီးမော့ဆို PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဘုရားဖြူ တိုက်ပွဲမှာ ထိတာပေါ့နော်။ ထိပြီးတော့ သူ့ဒဏ်ရာကတော့ အာရုံကြော ထိတယ် ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာ။ ဦးခေါင်းမှာ အာရုံကြောထိခိုက်တာပေါ့နော်။ “ လို့ ဒီးမော့ဆို PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(၁၁.၁၁) စစ်ဆင်ရေးစတင်ချိန်မှာ ဒီးမော့ဆို၊ မိုးဗြဲ နဲ့ လွိုင်ကော်မြို့တွေမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့တွေ ဖြစ်တဲ့ KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပြောက်ကျားတပ်နဲ့ ရှမ်းတောင် PDF တို့ ပူးပေါင်းပြီး စစ်ကောင်စီ ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံး နဲ့ ထိခိုက်ဒဏ်ရာရမှုတွေ များပြားခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts