spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို၊ အိုကေ စစ်ဘေးရှောင်စခန်းမှာ လူဦးရေထက်ဝက်ကျော် အရေပြားအနာဖြစ်ပွား

Author

Date

Category

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အိုကေ စစ်ဘေးရှောင်စခန်းမှာ ဒီဇင်ဘာလ အတွင်းက စစ်ဘေးရှောင်လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ အရေပြားအနာ ရောဂါတွေဖြစ်ပွားနေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

“စစ်ရှောင်စခန်းတစ်ခုလုံးနီးပါး ဖြစ်တယ်၊ တချို့က မကြီးဘူး၊ အနာကြီးတာကတော့ မိသားစုပါတယ်၊ အမာရွတ်တွေတောင် ကျန်ကုန်တယ်၊ ကျမကတော့ ကိုယ်ဝန်ရှိတော့ ဆရာမတွေလည်း ဆေးမတိုက်ဘူးပေါ့။ အရွယ်ရောက်နေတဲ့ ကျမသမီးလေးတော့ ဒီလို အနာပေါက်နေတာ အပြင်တောင် မထွက်ရဲဘူး” လို့ စစ်ရှောင်မိခင်တစ်ဦးက ဆိုပါတယ်။

အရေပြားအနာဖြစ်ပွားမှုဟာ လူကြီးပိုင်းအပါအဝင် လသားအရွယ်ကလေးငယ်တွေမှာပါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ သက်သာပျောက်ကင်းမှုမရှိသေးသလို စစ်ရှောင်စခန်းမှာရှိတဲ့ ကလေးတွေ အချင်းချင်းကနေ ကူးစက်မှုပိုဖြစ်ပွားနေတယ်လို့ အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလို ဖြစ်ပွားနေတဲ့ အရေပြားအနာရောဂါကြောင့် ညဘက် အိပ်မရတာတွေ အဖျားတက်တာတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

” ညဆို ငိုပြီ ကလေးတွေက။ ကလေး ၂ လကျော် လသားအရွယ်တစ်ယောက်လည်း ဖြစ်နေတယ်။” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

အရေပြားအနာရောဂါကို ကုသဖို့ ဆေးကိုဝယ်ယူသုံးစွဲဖို့လည်း အခက်အခဲရှိနေပြီး ရှိတဲ့ ဆေးတချို့ကို နီးစပ်ရာမိသားစုအလိုက် မျှဝေသုံးစွဲနေရတယ်လို့ ဆိုပါတယ်။ ရေရှားပါးမှုကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးမှာလည်း အားနည်းနေကြတယ်လို့လည်း ပြောဆိုကြပါတယ်။

အိုကေ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၂ အိမ်ရှိနေပြီး လူဦးရေ ၁၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts