spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို မြို့မရဲစခန်းမှာ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦး​သေဆုံး၊ ဒေသခံ နေအိမ်တစ်လုံးမီးရှို့ခံရ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆို မြို့မရဲစခန်းမှာ ရှိနေတဲ့ စစ်ကောင်စီကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( DMO- PDF)နဲ့ KGZ တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးကျဆုံးခဲ့တယ်လို့ DMO_PDF ကဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဟာ ဒီဇင်ဘာလ (၂၅) ရက်နေ့ မွန်းလွဲ ၃နာရီ ၄၅မိနစ်အချိန်မှာ ဖြစ်ပွားခဲ့ပြီး ၂နာရီကြာအောင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ဒါ့အပြင် ညနေ ၇နာရီ ၄၅မိနစ်အချိန်မှာလည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ၁၅မိနစ်ကြာ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် DMO_PDF ဘက်က ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိခဲ့ပြီး ဒီးမော့ဆိုမြို့မရဲစခန်းအနီးက ဒေသခံနေအိမ်တစ်လုံး မီးရှို့ခဲ့လို့ထုတ်ပြန်ထားပါတယ်။

spot_img
spot_img