spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၅၀ ကျော်မှာ စားနပ်ရိက္ခာ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့ နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၅၀ ကျော်မှာ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေထံကနေ သိရပါတယ် ။

စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ မရောက်ရှိတာ ၂ လ ကျော်ကြာမြင့်နေတဲ့အတွက်ကြောင့် စစ်ရှောင်တွေအတွက် ပိုခက်ခဲလာတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး အသင်း မှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

“ အဓိကတော့ ကုန်ဈေးနှုန်းတက်တာပေါ့နော်။ ကုန်စျေးနှုန်းက တစ်ဆ နှစ်ဆတော့ တိုးလာတယ် ဆန်တစ်အိတ်မှာဆိုရင် ကျနော်တို့ ၁ သိန်းဝန်းကျင်ထိတောင် ရောက်ရှိလာမှုတွေ ရှိတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာပြည်ဘက်မှာ ကုန်ဈေးနှုန်းတက်တာရယ် ပြီးတော့ နောက်တစ်ခုကတော့ စကစက ဒီစစ်ရှောင်ရဲ့ ဒေသတွေကို တကုန်စစ်ဆေးမှု ပိတ်ထားတာတွေရှိတယ်။ ဥပမာ ကျနော်တို့ လွိုင်ကော်နဲ့ ဒီးမော့ဆို ဆိုရင် ဆန် ဆီ ဆား လုံးဝသယ်လို့ မရဘူးပေါ့နော်။ ဒီအခြေအနေမှာက ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ထားတယ်။ စကစ ဘက်က ဖြတ်လေးဖြတ် လုပ်တဲ့ပုံစံ ရှိတာပေါ့နော်။ “ လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ် ။

စစ်ကောင်စီက လမ်းပိတ်မှုတွေရှိပြီး စစ်ဆေးရေးဂိတ်တွေမှာလည်း ယခင်ကထက် ပိုမိုစစ်ဆေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာရရှိဖို့အတွက် အခက်အခဲရှိသလို ရိက္ခာသယ်ယူရေးလမ်းကြောင်းကလည်း ခက်ခဲမှုတွေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။

“အဲ့လိုမျိုးတွေ ပိတ်ဆို့ထားတဲ့ခါကျတော့ ကျနော်တို့ ဒီစစ်ရှောင်တွေမှာ စစ်ရှောင်တွေကိုလှူတဲ့ အဖွဲ့အစည်းတွေကကော စစ်ရှောင်တွေကော ပိုမို ခက်ခဲမှုတွေ ရှိလာတယ်။ ရိက္ခာပြတ်လပ်မှုတွေက ကြုံတွေ့လာမှုတွေ ရှိလာနိုင်တယ်ပေါ့နော် ရှိလဲရှိနေပြီးပေါ့နော်။” လို့ သူက ဆက် ပြောပါတယ်။

အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသလို အပိုဝင်ငွေအတွက် အလုပ်အကိုင်လည်းမရှိတာကြောင့် ရှိတဲ့ရိက္ခာကို ချွေတာစားသောက်နေရတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

“ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတော်တော်များများမှာတော့ ရိက္ခာပိုပြီးနည်းလာတာ အလှူရှင်ပိုပြီးနည်းလာတာ တွေ့ရတယ်။ အရင်တုန်းကဆိုရင် မလာရင်တောင်မှ အနည်းဆုံး နှစ်လကို တစ်ခေါက်လောက် ရောက်ဖြစ်တယ်။ အခု ကျနော်တို့ စစ်ရှောင်စခန်းမှာဆိုရင် သုံးလ၊ လေးလ နီးပါးရှိပြီ အလှူရှင်မဝင်တာ။”လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင် လူဦးရေ ၁ သိန်းခွဲ ရှိပြီး စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ လှူဒါန်းတဲ့ အလှူရှင်တွေ နည်းပါးလာတာကို ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts