spot_img
Thursday, February 9, 2023
spot_img

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၅၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

spot_imgspot_imgspot_imgspot_img

လက်နက်ကြီး ကြောင့် ပျက်စီးသွားတဲ့ နေအိမ် တစ်လုံး

ကန္တာရဝတီတိုင်း ( မ် )

ယနေ့( ဇွန်လ ၈ရက်နေ့ )နံနက်ပိုင်းမှာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ ခလရ ၄၂၇က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက်၅၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ၁၀နာရီခွဲဝန်းကျင်မှာ အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာကိုကျတယ်။ သုံးလုံးလောက်ကျတယ်။ အဲ့ဒီမှာ အဒေါ်တစ်ယောက် လက်ရိုးထိသွားတယ်။ ပြီးတော့ နေအိမ် တစ်လုံးနှစ်လုံး ထိသွားတာရှိတယ်။ “လို့ သူက ဆက်ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းက လူတွေထိသလို နေအိမ်ပျက်စီးတာတွေလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာ

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့မှာလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာထဲကို လက်နက်ကြီး လေးလုံးကျရောက်ခဲ့ပြီး ဒေသခံတစ်ဦးလက်နက်ကြီးစင်ထိ ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၃ရက်နေ့ကနေ ဇွန်လ ၅ရက်နေ့အထိ နှစ်ပတ်အတွင်း လက်နက်ကြီးကြောင့် သေဆုံးသူ ၂ဦး၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား ၄ဦးနဲ့ စစ်ကောင်စီသတ်ဖြတ်ခံရသူ တစ်ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဇွန်လ ၈ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်တွေ မွေးမြူတဲ့ကြက် အနာကျပြီး သေဆုံးမှုရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အာဟာရဓါတ်ရဖို့ မွေးမြူတဲ့ကြက်တွေ အနာကျ သေဆုံးတာတွေ ရှိတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ တောင်ယာလုပ်ငန်းမှာလည်း ရိုးရာအရ ကြက်ရိုးထိုးရတာတွေ ရှိသလို ကျောင်းနေ အရွယ်ကလေး အာဟာရဓါတ် တိုက်ကျွေးမှုမှာလည်း အများအားဖြင့် ကြက်ကို အသုံးပြုကြတာကြောင့် အခုလို...

စစ်ကောင်စီရဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင်မှုကြောင့် မိုးဗြဲ-ပီကင်းလမ်း ယာယီပိတ်ထား

ကန္တာရဝတီတိုင်း(မ်) မိုးဗြဲမြို့မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၇ရက်နေ့) က အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိမှာစစ်ကောင်စီဖက် လှုပ်ရှားမှု ရှိနေဆဲဖြစ်တဲ့အတွက် မိုးဗြဲ-ပီကင်းလမ်း ကိုလည်း ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတယ်လို့ မိုးဗြဲPDFတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “ လောလောဆယ် မိုးဗြဲက မနေ့က စစ်ကောင်စီဖက်က အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတော့...

စစ်ရှောင်စခန်းတစ်ခုမှာ ကိုယ်ပိုင်ဝင်ငွေတွေ ရနိုင်ဖို့ တစ်ပိုင်တစ်နိုင် မွေးမြူရေးပြုလုပ်

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ သစ်ယားတောစစ်ရှောင်စခန်းမှ စစ်ရှောင်တွေဟာ တစ်ပိုင်တစ်နိုင် မွေးမြူရေးကို လုပ်ကိုင်ကြပါတယ်။ စစ်ရှောင်အိမ်တိုင်းလိုလို မွေးမြူရေးကို လုပ်ကိုင်ကြပြီး အဓိက ကြက် နဲ့ ဝက်ကို မွေးမြူကြတာဖြစ်ပါတယ်။ အခုလို တစ်ပိုင်တစ်နိုင်မွေးမြူရေး လုပ်ရတာဟာ နောင်တစ်ချိန် ရိက္ခာပစ္စည်းတွေလာရောက်ထောက်ပံ့ခြင်း မရှိတော့ရင် ကိုယ်ပိုင် ဝင်ငွေရစေဖို့ဖြစ်တယ် လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ " နောင်တစ်ချိန်မှာ...

ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ ၅ နှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေး မထိုးနှံရသေး

CJ ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်းမှာ ၅ နှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေး မထိုးနှံရသေးတာကြောင့် ထိုးနှံဖို့ လိုအပ်နေတယ်လို့ ဒိုယှက် စစ်ဘေးဒုက္ခသည် ကော်မတီဝင်တစ်ဦးထံကနေ သိရပါတယ်။ ဒိုယှက် စစ်ဘေးဒုက္ခသည်စခန်း အနေနဲ့ ယခင်နှစ်ကတည်းက ၅ နှစ်အောက် ကလေးငယ်တွေ စာရင်းပြုစုထားတာရှိပေမယ့်...