spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာတွင် မွေးခင်းစ ကလေးငယ်တစ်ဦး သေဆုံး

Author

Date

Category

ကေးဒူ ( ကန္တာရဝတီ တိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာတွင် မွေးခင်းစ ကလေးငယ်တစ်ဦး ဆေးခန်းသွားပြရင်း လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၂ နာရီ လောက်က မွေးတာဖြစ်ပြီး ကလေးက မိခင်နို့မစို့နိုင်လို့ အနောက်ဘက်ခြမ်းကို ဆေးခန်းသွားပြရင်း လမ်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် နေချိန်မှာ ပုံမှန်ဆေးကုသမှုမရရှိတာကြောင့် ဖြစ်နိုင်တယ်လို့ အဆိုပါ ကိုယ်ဝန်သည်ရဲ့အစ်မကပြောပါတယ်။

“ကျမအထင်တော့ သူဆေးခန်းအလုံအလောက်မပြတာရယ် နောက်ပြီးတော့ သောက်ဆေးလည်း လုံလုံလောက်လောက် မသောက်နိင်တာရယ်လည်း ဖြစ်မယ်။ ဟိုပြေးရ ဒီပြေးရဆိုတော့။ ဆရာဝန်ဆီသွားပြလည်း ဆရာဝန်တွေ မရှိတဲ့ အချိန်နဲ့တိုးတာရယ်နဲ့ ဗိုက်ကြီးတဲ့သူတွေအတွက်က တစ်လတစ်လသောက်ဆေးကို ပုံမှန်သောက်ပေးနိင်ရမယ်လေနော်။ ကလေးကျန်းမာရေးကော အမေအတွက်ကော သောက်ပေးနိင်ရင်ကောင်းတယ်လေ။ အခုသူက ပုံမှန်မသောက်နိင်တာကြောင့်လည်း ပါမယ်လို့ ကျမထင်တယ်ပေါ့နော်။ ပြီးတော့ ကလေးအမေကလည်း အခုမှ ပထမဆုံးမွေးတာဆိုတော့ အတွေ့မကြုံ မရှိသေးတာရယ်၊ ဘေးမှာလည်း စောင့်ရှောက်ပေးမယ် လူကြီးတွေလည်း မရှိဘူး။ လင်မယားနှစ်ယောက်ပဲရှိတယ်။ ပြီးနောက် ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်ရှားများတာကြောင့်ဖြစ်မယ်”လို့ စစ်ရှောင်နေတဲ့ အစ်မ ဖြစ်သူက ပြောပါတယ်။

အခုလို မွေးကင်းစ ကလေးငယ် သေဆုံးတာဟာ လုံလောက်တဲ့ ကျန်းမာရေး ဝန်ဆောင်မှု မရှိလို့ ဖြစ်တာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“ဒီလိုမျိုးအရေးပေါ့ အခြေအနေမှာ ကလေးတွေနဲ့ ပက်သက်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေမှာ အားနည်းချက်ရှိသွားတော့ တခြားနေရာကို ရွေ့ပြောင်းဖို့အတွက်က မြို့ပို့ဖို့အတွက်က ပိုပြီးတော့မှ ခက်ခဲသွားနိုင်တာပေါ့နော်။ အရင်ကဆို လွိုင်ကော်ကို ကျန်းမာရေးရှု့တောင့်ကနေပေါ့နော်။တစ်စုံတစ်ရာပေါ့ အလွယ်တကူသွားလာနိုင်တယ် လမ်းပန်းလည်းကောင်းတယ်။ အဲ့မှာလည်း ကျနော်တို့ ဆေးပိုင်းဆိုင်ရာတွေလည်း အတတ်နိုင်ဆုံးရှိသေးတော့ အဆင်ပြေတာပေါ့နော်။ အခုက အဲ့လိုပုံစံ မဟုတ်ပဲနဲ့ ပိတ်ဆို့နေတယ် ဖြစ်တဲ့အတွက်ကြောင်မလို့ မနေ့ကဆို လမ်းမှာကလေးတစ်ယောက်ဆုံးသွားတဲ့ဟာမျိုးတွေပေါ့နော်။ အဲ့လိုမျိုးကျန်းမာရေး ခက်ခဲမှုတွေ ကျနော်တို့ ပိုပြီး ကြုံတွေ့လာနိုင်တယ်” လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း တွင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေပြီး လွိုင်ကော် – ဒေါတမကြီး – ဘောလခဲ လမ်း ပိတ်ထားရတာကြောင့် ရေရည် ကျန်းမာရေး စောင့်ရှောက်မှုများလည်း ပိုမိုပြီး ခက်ခဲလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

spot_img
spot_img

Recent posts