spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အရှေ့ဘက်ခြမ်မှာ ပြီးခဲ့တဲ့ ဧပြီလ (၂၆ ) ရက်နေ့က ပျောက်ဆုံးနေတဲ့ စစ်ရှောင်အမျိုးသား တစ်ဦး ရဲ့ သေဆုံးနေတဲ့ ရုပ်လောင်းကို ပြန်လည်တွေ့ရှိ

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ဧပြီလ (၂၆ ) ရက်နေ့ ညက ပျောက်ဆုံးသွားခဲ့တဲ့ အသက် (၄၀)အရွယ် စစ်ရှောင်အမျိုးသား တစ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မေလ (၈)ရက်နေ့ မနက် (၉) နာရီဝန်းကျင်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ (၃)ရက်လောက်က သူ့လက်ကိုင်ဖုန်းကို တောထဲတစ်နေရာမှာ ရှာတွေ့ခဲ့ပြီး ဒိီကနေ့ မနက်ပိုင်းမှာတော့ တောထဲတစ်နေရာမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို အဖေဖြစ်သူက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်အလောင်းကိုတော့ ကောက်ယူလို့ မရတော့တာကြောင့် တွေ့ရှိခဲ့တဲ့ နေရာမှာပဲ မီးရှို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသားဟာ စစ်ဘေးရှောင်တစ်နေရာကနေ ပျောက်ဆုံးနေသူဖြစ်ပြီး စတင်ပျောက်ဆုံးကတည်းက သူနဲ့အတူ စစ်ဘေးရှောင်နေသူများက ( ၁၂ ) ရက်တိတိ လိုက်လံရှာဖွေခဲ့ကြရာ ဒီကနေ့ မေလ ( ၈ ) ရက်နေ့မှာ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

Recent posts