spot_imgspot_imgspot_imgspot_img
Monday, February 17, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အရှေ့ဘက်တစ်နေရာမှာ စပါးနှံပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ကယားလူမျိူးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စပါးနှံ ပူဇော်ပွဲကို အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အောက်တိုဘာလအတွင်း သီတင်းကျွတ်ကာလမှာ ပြုလုပ်ကြတာဖြစ်ပြီး ပေါ်ဦးပေါ်ဖြား သီးနှံတွေကို ရိုးရာနတ်ဖြစ်တဲ့ ဘျာစယ်ဒူ ဖီးသူးလူး ကို အရင်ဆုံး ပူဇော်ပသရတယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“ကျနော် တို့ ဒီစိုက်ပျိုးရာသီဟာ ဒီ နယုန်လ ကနေ ကျနော်တို့စပြီးတော့ စိုက်ပျိုးတယ်။အဲကနေ့ စိုက်ပျိုးပြီးတဲ့ ကျနော်တို့ ဒီအသီး စပါးတွေပေါ့နော်။ဒီသီးတင်းကျွတ်လကျရင် ကျနော့်ကို ဒီပြန်ပြီးတော့ ကေးထျိုးဘိုး စပါးနှံ ပူဇော်ပွဲဆိုတာ ကျနော်တို့ ပြန်လုပ်ရတယ်။ဘာလို့ လုပ်ရသလဲဆိုတာ ကျနော်တို့ ထွက်ပေါ်လာတဲ့ ဒီစပါးလေးတွေကို ကျနော်တို့ ဘျာစယ်ဒူ ဖီးသူးလူး ကနေပြီးတော့ ဦးစွာ ကျနော့်ကို တိုင်တည်ပြီးတော့ ပူဇော်ပသ ရခြင်းဖြစ်ပါတယ်” လို့ ကျေးရွာသားတစ်ဦး ကပြောပါတယ်။

စပါးနှံပူဇော်ပွဲဟာ ကြက် (၃) ကောင်နဲ့ ကြက်ရိုးထိုး ပူဇော်ကြပြီး ဝက်ထီး (၁) ကောင်လည်း ပါဝင်ပါတယ်။ ကယားရိုးရာအရ ထွက်လာတဲ့ ကြက်ရိုးကို ကြည့်ပြီးတော့မှ အနာဂတ်ကို ကြိုဖတ်ကြတာလို့ သိရပါတယ်။ ကြက်ရိုးရဲ့ အဖြေအရတော့ ရပ်ရေးရွာရေးအတွက် အနာဂတ်ဟာ အနည်းငယ် စိုးရိမ်ပူပန်မှုရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စပါးနှံ ပူဇော်ပွဲဟာ ကယားလူမျိူးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း သီးတင်းကျွတ်လ ဆန်းကနေ လဆုတ် မတိုင်ခင်အထိ ကျင်းပ ပြုလုပ်ကြရတာ ဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts