spot_imgspot_imgspot_imgspot_img
Saturday, June 15, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို ၅မိုင် မှာ နေအိမ်သန့်ရှင်းရေးပြန်လုပ်လို့ရတဲ့သတင်းကြောင့် ဒေသခံတွေ သန့်ရှင်းရေးပြန်လုပ်

ကန္တာရဝတီ တိုင်း(မ်)

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ တပ်စွဲထားတဲ့နယ်မြေ​ဖြစ်တဲ့ ကရင်နီပြည် လွိုင်ကော် – ဒီးမော့ဆိုမြို့သွားလမ်း လမ်းမကြီးဘေးရွာရှိ (၅)မိုင်မှာ မိမိနေအိမ်ကို သန့်ရှင်းရေးပြုလုပ်ပြီး ပစ္စည်း
ပြန်သယ်လို့ရတယ်ဆိုတဲ့သတင်းကြောင့် သန့်ရှင်းရေးပြန်လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ
သိရပါတယ်။

“သန့်ရှင်းရေး ပြန်လာလုပ်လို့ရတယ် စပ်တပ်တွေက ပြန်လာလုပ်ခိုင်းတယ်။အ့လိုပြောလို့။ကိုယ်က အ့လိုကြားတော့ အ့လိုဆို သန့်ရှင်းရေး ပြန်လာလုပ်လို့ရတယ်ပေါ့ဆိုပြီး ပြန်သွားလုပ်တာပေါ့။ စစ်တပ်နဲ့ တွေ့တော့ သန့်ရှင်းရေး ပဲ လုပ်ခိုင်းတာ ပစ္စည်း မသယ်နဲ့” လို့ ပစ္စည်း ပြန်သယ်ဖို့သွားတဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။

အခုလို သန့်ရှင်းရေး ပြန်လာလုပ်တာ၊ ပစ္စည်း ပြန်သယ်တာတွေ ပြုလုပ်နေတာ (၁) ပတ်ကျော်လောက်ရှိပြီလို့ သူကဆက်ပြောပါတယ်။

လုံခြုံရေးအရ အာမခံချက် မရှိပေမယ့် ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ရတာ (၂)နှစ်ကျော်လာပြီ ဖြစ်တဲ့အတွက် ဒေသခံတွေ စစ်ရှောင်အများစုက အရဲစွန့်ပြန်ကြပြီး သန့်ရှင်းရေးပြန်လုပ်ကြတယ်လို့ သိရပါတယ်။

ဒေသခံတွေကို ခုလို သန့်ရှင်းရေးပြန်လုပ်ကြဖို့ ပြန်နေထိုင်ဖို့ပြောဆိုတာဟာ တခြားရည်ရွယ်ချက်ရှိနိုင်သလို လူသား ဒိုင်းကာသဘောမျိူးနဲ့ ပြန်ခေါ်တာလည်း ဖြစ်နိုင်တယ်လို့ KNDFသတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

“နောက်ပိုင်းမှာ စစ်ကောင်စီတွေက တိုက်ပွဲ ဖြစ်ထားတဲ့နေရာတွေ နောက်ပြီး သူတို့ တပ်ဆွဲထားတဲ့နေရာတွေကို ဒေသခံတွေကို ပြန်လာခိုင်းတာမျိုးတွေရှိတယ်။ငါတို့က သူတို့ကို လာတိုက်မှာစိုးလို့ သူတို့က ဒေသခံတွေကို ဒိုင်းကာသဘောမျိူးနဲ့ လုပ်တာလည်း ရှိတယ်။ သူတို့ပြန်လာလို့ရတယ် မရဘူး ဆိုတဲ့ဟာက တကယ်ပြန်လာစေချင်လို့ စေတနာရှိလို့လည်း ဟုတ်ချင်ဟုတ်မယ်။ တခြားရည်ရွယ်ချက်လည်း ရှိကောင်းရှိလိမ့်မယ်” လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

လွိုင်ကော်- ဒီးမော့ဆို လမ်းမကြီး​ဖြစ်တဲ့ ဒေါပိုးစီ၊၅မိုင်၊ ၆မိုင် တလျှောက် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ကတည်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး တပ်ဆွဲထားတဲ့ နယ်မြေတွေ ဖြစ်တာကြောင့် KNDF အနေနဲ့က သန့်ရှင်းရေးပြန်လုပ်ကြတဲ့ ဒေသခံတွေရဲ့ လုံခြုံရေးကို အထူးသတိပြုကြဖို့ နိုးဆော်ထားပါတယ်။

spot_img
spot_img