spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသခံတိုင်းရင်းသားဝန်ကြီးရွေးခြယ်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များလိုလား

Author

Date

Category

ကရင်နီသူ

ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးကို ရွေးချယ်ရာတွင် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများကို ရွေးခြယ်တင်မြောက်ရန် ပြည်နယ်နယ်လွှတ်တော်ကိုယ်စားလှယ်များက လိုလားနေကြသည်။

တိုင်းရင်းသားဒေသခံများအတွက် အမှန်တကယ်အလုပ်လုပ်နိုင်သူ၊ ပြည်နယ်တွင်းနေထိုင်သူကိုသာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်မရွေးခြယ်နိုင်ပါက ပြည်နယ်သူ/သားများ ဆုံးရှုံးနစ်နာမည်ဟု မယ်စဲမဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါသည်။

̏ ကယားပြည်နယ်ကလူ၊ တိုင်းရင်းသားဖြစ်ဖြစ် ဘယ်လိုလူပဲဖြစ်ဖြစ် ၊ ကိုယ့်ပါတီဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် အလုပ်လုပ်နိုင်တဲ့သူကို ခန့်စေချင်တယ်။ အရပ်ဝေးတစ်နေရာကနေ လာရင် တစ်ချိန်ချိန်ကျရင် ဒုံရင်းဟာ ဒုံရင်းပဲလာမယ်ဆိုရင် ကယားပြည်နယ်တစ်ပြည်နယ်လုံးပဲ နစ်နာမယ်။ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ အကုန်နစ်နာမယ်ပေါ့နော။ ˝ ဟု ဦးအောင်နိုင်ဦးက ပြောပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ရက်နေ့မှ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးရွေးခြယ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံ တိုင်းရင်းသားကိုရွေးခြယ်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြသည်။

ဝန်ကြီးအဖြစ် ခန့်အပ်မည့်သူကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကိုသာ ပထမ ဦးစားပေးထည့်သွင့်စဉ်းစားခြင်း၊ ကိုယ်စားလှယ်များမရှိပါက မဆောင်ရွက်နိုင်မှ ပြင်ပရှိ ဒေသခံတိုင်းရင်းသား ပုဂ္ဂိုလ်များကို စဉ်းစားခြင်း စသည်တို့ကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်ပင်ပြီး ရွေးခြယ်သည့် လုပ်ရပ်မျိုးကို ကိုယ်စားလှယ်များက လိုလားနေကြသည်။

ပြည်နယ်လွှတ်တော်သို့ ပြည်နယ်ဝန်ကြီးချုပ်မှ အဆိုပြုသည့်လာသည့်သူသည် ဒေသခံတိုင်းရင်းသားမဟုတ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသည်။

ဝန်ကြီးချုပ်အဆိုပြုသူမှာ ဦးတင်ဌေးဆိုသူဖြစ်ပြီး လက်ရှိတွင် ကယားပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပြု ရေးဆွဲရေးအဖွဲ့ဥက္ကဌဖြစ်သည်။

ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)မှကိုယ်စားလှယ် ဦးခင်မောင်ထွန်း(ခ)နော်အီးက ̏ ယခုပြည်နယ်ဝန်ကြီးချုပ် အမည်တင်သွင်းသူဦးတင်ဌေးသည် ပြည်နယ်ဥပဒေပြုရေးဆိုင်ရာ အထောက်အကူပြုအဖွဲ့တွင် ဥက္ကဌတာဝန်ယူထားပါတယ်။ တာဝန်အရ နိုင်ငံတော်မှ ပေးအပ်သော လစာ၊ ချီးမြှင့်ငွေများကို ထုတ်ယူသုံးစွဲနေသူဖြစ်ကြောင်း ခိုင်မာသော သက်သေအထောက်အထားများအရ တွေ့ရှိရပါသည်။ ထို့အပြင် ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေပုဒ်မ ၄၁ အရ ဦးတင်ဌေးကို ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရပါတယ်။ ပြည်သူ့ဝန်ထမ်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၁၂၀၊ ပုဒ်မခွဲ (ည)ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နိုင်ငံဝန်ထမ်းဖြစ်ကြောင်း တွေ့ရှိရပါသည်။˝ ဟု သက်သေများနှင့်တကွ လွှတ်တော်တွင် တင်ပြဆွေးနွေးကာ ကန့်ကွက်ခဲ့သည်။

အမည်တင်သွင်းခံရသူဦးတင်ဌေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွ့ဲဥပဒေ၊ ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှုမရှိသည့်အတွက် ဝန်ကြီးချုပ်တင်သွင်းထားသူကို ဝန်ကြီးအဖြစ်အမည်စာရင်းတင်သွင်းမှုမှ လေးလေးနက်နက်ကန့်ကွက်ပါကြောင်း ဦးခင်မောင်ထွန်းက တင်ပြခဲ့သည်။

ဦးတင်ဌေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၁ ပုဒ်မခွဲ(က)တွင် သတ်မှတ်ထားသော အရည်အချင်းမပြည့်မီကြောင်း၊ ထို့အပြင် လက်ရှိဦးတင်ဌေးသည် အိမ်အမှတ်(၁၂)ချိကယ်ဝန်ကြီးအိမ်ရာ၊ လွိုင်ကော်မြို့မှာ နေထိုင်လျက်ရှိနေခြင်းသည် ဥပဒေနှင့်မညီကြောင်း ၊ လွှတ်တော်တွင် ဝန်ကြီးအဖြစ် အတည်မပြုခင်ဝန်ကြီးအိမ်ရာတွင် နေထိုင်ခြင်း စသည့် သက်သေအထောက်အထားများဖြင့် လွှတ်တော်တွင် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။

ပြည်နယ်လွှတ်တော်တွင် ဦးတင်ဌေးအား ကိုယ်စားလှယ်၁၉ဦး ဆန္ဒမဲပေး ရွေးချယ်ခဲ့ရာ ၃ဦးသာ ထောက်ခံမဲရခဲ့ပြီး ၁၆ဦး ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးကို ရွေးချယ် ရုခင်းသာ် ၂၀၂၀ရွေးကောက်ပွဲအတွက် အဓိက မဲဆန္ဒရှင် စာရင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဆိုပြုတင်ပိုင်ခွင့်ရှိသည်။ ပြည်နယ်ဝန်ကြီးချုပ်အဆိုပြုထားသူကို ပြည်နယ်လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

spot_img
spot_img

Recent posts