Monday, January 24, 2022

ဒေသခံမဟုတ်တဲ့ စည်ပင်ဝန်ထမ်းခေါ်ယူမှု ကို ပြန်လည်စိစစ်ပေးဖို့ ဒေသခံတချို့တောင်းဆို / စည်ပင် အင်ဂျင်နီယာ ဝန်ထမ်းခေါ်ယူမှု ပြန်လည်စိစစ် ပေးဖို့ တင်ပြမှုရှိနေ

Must read

ကရင်နီပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုရှိနေတဲ့အတွက် ပြည်သူတွေ ဗုံးခိုကျင်းတူး

https://youtu.be/yA1wSv22iXA ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ စစ်ရှောင်စခန်းတွေအထိပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ...

လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာမှာ ဒေသခံလူငယ်တစ်ဦး မိုင်းနင်းမိ

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့နယ် လွိုင်လင်လေးအနောက်ဘက်ခြမ်း ပိန်းချစ်ကျေးရွာမှာ အသက်၁၇နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ီဥး မိုင်းနင်းမိပြီး ညာဘက်ခြေထောက်၊ ခြေဖမိုး ပြတ်ထွက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ ပိန်းချစ်ရွာအနီးမှာ ဖြစ်တာဗျ။...

၂၀၂၂ ဇန်နဝါရီလ ၂၄ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-72847996?si=46730854d96b42afa217e070e1df3c7c&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၄ ရက်နေ့ KT FM ရဲ့ တနင်္လာနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဒီးမော့ဆိုမြို့နယ်အတွင်း...

၂၀၂၂ ဇန်နဝါရီလ ၂၃ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-41953568?si=0c86f26c60554481881c4408d0dee899&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၃ ရက်နေ့ KT FM ရဲ့ တနင်္ဂနွေနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ လက်နက်အပြည့်အစုံနဲ့...

ဦးမြာ

နန်းမယ်ခုံမြို့ စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းဖို့ ခေါ်ယူခဲ့တဲ့ လစ်လပ်ရာထူးနေရာတွေထဲက အငယ်တန်းအင်ဂျင်နီယာ ၄ ရာထူးနေရာကို ပြန်လည်စိစစ်ပေးဖို့ ဇန်နဝါရီလ ၄ရက်နေ့က လက်မှတ်ရေးထိုးတင်ပြလာတာ ရှိပါတယ်။

အငယ်တန်းအင်ဂျင်နီယာ ၄ ရာထူးကို ဒေသခံမဟုတ်ပဲ တခြားပြည်နယ် ကသူကို ရွေးချယ်ခန့်ထားလိုက်တာကြောင့် အခုလို ပြန်လည်စိစစ်ဖို့ တောင်းဆိုရခြင်းဖြစ်တယ်လို့ မြို့မကယန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟင်နရီက ပြောပါတယ်။

နန်းမယ်ခုံ မြို့ ဒေသခံတွေဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဈေးကော်မတီ၊ ရပ်မိရပ်ဖ၊ ရာအိမ်မှူး၊ ရပ်ကွက်မှူးစတဲ့ လူ ၁၇ယောက်ပါဝင် လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာတွေကို တင်ပြထားတာဖြစ်ပါတယ်။

“ကယားပြည်နယ်အတွင်းမှာ ဒီဘွဲ့ရပညာတတ်သားသမီးတွေအများကြီးရှိတယ်။ အဲ့ဒါတွေကို ဦးစားပေးစေချင်တဲ့ ဆန္ဒတွေအများကြီးပါတယ်ပေါ့နော။ တခါတလေကျတော့ သူတို့ ပြည်မကနေလာပြီးတော့ ဟိုလူကြီးနဲ့ပိုင်တယ်။ ဒီလူကြီးနဲ့ပိုင်တယ်ဆိုပြီးတော့ထည့်ပေးလိုက်တဲ့ဟာမျိုး မဖြစ်စေချင်ဘူးလေ။ ကျနော်တို့ ဒေသမှာ ဘွဲ့ရပညာတတ်တွေ အများကြီး ရှိလို့ရှိရင် ဥပမာ ဒီးမော့ဆိုဆိုရင် ဒီးမော့ဆိုက ကလေးတွေကို ဦးစားပေးစေချင်တယ်။ နန်းမယ်ခုံဆိုရင်လည်း နန်းမယ်ခုံက ကလေးတွေကို ဦးစားပေးခိုင်းစေချင်တယ်။ ဖရူဆိုဆိုရင်လည်းဖရူဆို အဲ့ဒီလိုပုံစံမျိုးနဲ့ ဒေသခံတွေ အလုပ်လက်မဲ့မဖြစ်အောင် အဲ့လိုမျိုးတွေကို ရည်ရွယ်ပြီးတော့မှ ဒါလေးတွေကို ကျနော်တို့ စာလေးဘာလေးတင်ပြီးတော့မှ ဝန်ကြီးနဲ့သွားတွေ့ရတဲ့ အကြောင်းအရင်းတွေအများကြီးပါပါတယ်။” လို့ မြို့မကယန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟင်နရီက ပြောပါတယ်။

နန်းမယ်ခုံက လစ်လပ်နေရာအတွက်ခေါ်ယူထားတဲ့ အငယ်တန်းအင်ဂျင်နီယာ-၄ မှာ မှတ်ပုံတင်အရ (၁၃/) မကွေးတိုင်းဒေသကြီးကဖြစ်ပြီး အသက်အားဖြင့်လည်း ၃၃ နှစ်ရှိနေသူ ဖြစ်တယ်လို့ ဦးဟင်နရီကပြောပါတယ်။

အဆိုပါရာထူးကို လျှောက်ထားသူတွေထဲမှာ ဘီအီး(B.E) နဲ့ ဘီတက်(B.tech) ဘွဲ့ ရထားသူတွေရှိနေပေမဲ့ B.E ဘွဲ့ထက် ပိုနှိမ့်တဲ့ ဘီတက်ဘွဲ့ B.tech ဘွဲ့ ရထားသူကို ခေါ်ယူလိုက်တာကြောင့် လူထုအကြားဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒီးမော့ဆိုစည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာလတုန်းက နန်းမယ်ခုံမြို့ စည်ပင်သာယာရေးအဖွဲ့ ဖွင့်လှစ်ဖို့ လစ်လပ်နေတဲ့ရာထူး ၈နေရာကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သတ်မှတ်ချက်တွေမှာ သက် ၁၈နှစ်အထက်နဲ့ ၃၀ နှစ်ထက်မကြီးသူတွေကို လျှောက်ဖို့ပါရှိပါတယ်။

ဒေသခံတွေရဲ့ ပြန်လည်စိစစ်ပေးဖို့ တင်ပြတောင်းဆိုချက်ကို ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို ဆက်သွယ်မေးမြန်ဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးဖို့ မအားသေးဘူးလို့ ဆိုပါတယ်။

“အသနားခံစာတင်ပြီးတော့မှာ အကျိုးအကြောင်းလေးပြောပြတယ်ပေါ့နော။ ဒီရက်ကိုပြန်ပြီးဆွေးနွေးပေးမယ်လို့ပြောထားတယ်” လို့ ဦးဟင်နရီက ဆက်ပြောပါတယ်။

စည်ပင်သာယာရေးအဖွဲ့က ဒီဇင်ဘာလမှာ မြို့နယ်အလိုက် လစ်လပ်ဝန်ထမ်းတွေကို ခေါ်ယူခဲ့ပြီး လာရောက်လျှောက်ထားသူ များပြားခဲ့တယ်ပါတယ်။

- Advertisement -
- Advertisement -

Latest article

ကရင်နီပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုရှိနေတဲ့အတွက် ပြည်သူတွေ ဗုံးခိုကျင်းတူး

https://youtu.be/yA1wSv22iXA ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ စစ်ရှောင်စခန်းတွေအထိပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ...

လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာမှာ ဒေသခံလူငယ်တစ်ဦး မိုင်းနင်းမိ

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့နယ် လွိုင်လင်လေးအနောက်ဘက်ခြမ်း ပိန်းချစ်ကျေးရွာမှာ အသက်၁၇နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ီဥး မိုင်းနင်းမိပြီး ညာဘက်ခြေထောက်၊ ခြေဖမိုး ပြတ်ထွက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ ပိန်းချစ်ရွာအနီးမှာ ဖြစ်တာဗျ။...

၂၀၂၂ ဇန်နဝါရီလ ၂၄ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-72847996?si=46730854d96b42afa217e070e1df3c7c&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၄ ရက်နေ့ KT FM ရဲ့ တနင်္လာနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဒီးမော့ဆိုမြို့နယ်အတွင်း...

၂၀၂၂ ဇန်နဝါရီလ ၂၃ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-41953568?si=0c86f26c60554481881c4408d0dee899&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၃ ရက်နေ့ KT FM ရဲ့ တနင်္ဂနွေနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ လက်နက်အပြည့်အစုံနဲ့...

လက်နက်အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတဲ့ တပ်ကြပ်တစ်ဦးကို ဆုငွေ သိန်း(၃၀) ချီးမြှင့်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့အခြေစိုက် တပ်ရင်းတစ်ခုမှ တပ်ကြပ်ရာထူးရှိ စစ်သားတစ်ဦး ဒီကနေ့မှာ ဖရူဆိုမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ CDMဝင်ရောက်လာခဲ့ပြီး ဆုငွေသိန်း (၃၀)ချီးမြှင့်ပေးခဲ့တယ်လို့ ဖရူဆိုမြို့ ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ "...