spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

ဒေသခံအားထားရတဲ့လမ်း ကိုယ်ထူကိုယ်ထ ပြုပြင်နေ၊ ၉၀ရာခိုင်နှုန်းပြီးစီး

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် တစ်နေရာမှာ ဒေသခံနဲ့ စစ်ရှောင်တွေ သွားလာရေးအားထားရတဲ့ လမ်း တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးသွားပြီး ကိုယ်ထူကိုယ်ထပြန်လည်ပြုပြင်နေကြတာ ၉၀ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ သိရပါတယ်။

“တောင်ကျရေ တိုက်စားတဲ့အတွက်ပေါ့ လမ်းပျက်စီးမှု ရှိနေတယ်။ စက်တင်ဘာလ ၆ ရက်နေ့က စတင်ကျောက်ထုတ်တယ် လက်ရှိထိပေါ့။ ကျောက်ထုတ်တယ်၊ ကျောက်သယ်တယ် အခုချိန်ထိတော့ ၉၀ ရာခိုင်နူန်း လောက်ပြီးပြီလို့ ပြောလို့ရတာပေါ့။ သဲပဲလိုတော့တာပေါ့နော သဲနဲ့ ထပ်မံ ပြုပြင်နိုင်ရင်တော့ မိဘပြည်သူများ သွားလာတဲ့အခါမှာတော့ အဆင်ပြေမှာပေါ့။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် ဒေသခံ၊ စစ်ရှောင်တွေအပြင် စစ်ဘေးရှောင်သွားရောက်ကူညီတဲ့ လူမှုအသင်းအဖွဲ့တွေ သွားလာတဲ့အချိန် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေမှုကြောင့် အခက်အခဲကြုံတွေ့နေရတာဖြစ်ပါတယ်။

လမ်းပြုပြင်တာ တစ်လနီးပါးကြာမြှင့်ပြီး ဒေသခံ၊ စစ်ရှောင်အင်အားနဲ့ ဆောင်ရွက်နေတာ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ သိရပါတယ်။ လမ်းပြုပြင်ဖို့ အလှူရှင်ဖိတ်ခေါ်ထားပေမယ့် မျှော်မှန်းထားသလောက်မရရှိတဲ့အတွက် ကိုယ်ထူကိုယ်ထ ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

“အလှူရှင်ကတော့ ဒီဇယ်ဖိုးပဲကူညီတာပေါ့နော။ တခါတလေလည်း ကားရှိတယ် ဒီဇယ်မရှိဘူး နောက် ဒီဇယ်ရှိပြန်တော့လည်း မိုးရွာလို့ ကျောက်သယ်လို့အဆင်မပြေဘူးပေါ့နော။ အဲ့မျိုးပေါ့။ ဒါတောင်မှ ဒီဇယ်တောင်မှ အခုကလည်း သိပ်အဆင်မပြေဘူးပေါ့ အများကြီးလိုသေးတယ် ဒါပေမယ့် အလှူရှင်ရှာတဲ့သူကလည်း ဘယ်လိုပြောမလဲ လမ်းအခြေအနေဒီလိုဖြစ်သွားတော့ ဒီလိုပဲရပ်တန့်သွားမလားပေါ့။ အခုကလည်း အကြွေးရှိသေးတယ် မနေ့ကဆိုရင် အကြွေးက ဆယ်သိန်းနီးပါးကျန်သေးတယ်ပေါ့နော ဒီရက်က ဒီဇယ်တစ်ပီပါကို အကြွေးထပ်ယူတယ်ပေါ့နော။ တစ်ပီပါဆိုရင် ၆သိန်း၆သောင်းလောက်ရှိတာပေါ့။”လို့ ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။

လမ်းအမြန် ပြီးစီးဖို့အတွက် လုပ်အားပေးခေါ်ယူနေသလို လမ်းပြီးစီးသွားပါက သွားလာရေးအတွက် အဆင်ပြေစေနိုင်မယ်လို့ ဆိုပါတယ်။

spot_img

Recent posts