spot_img
Tuesday, November 28, 2023
spot_imgspot_imgspot_imgspot_img

ဒေါညေးခူဒေသခံတွေရဲ့ စပါးကျီကို စစ်ကောင်စီ မီးရှို့နေ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်ပြီး ဒေါညေးခူကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေသိုလှောင်ထားတဲ့ စပါးကျီတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပြန်ကြည့်တော့ စပါးကျီကို မီးရှို့သွားပြီ၊ တစ်ခြားနေရာမှာ သိမ်းထားတာကို အကုန်ရောင်းလိုက်ရမလား ပြောနေကြတယ်။ ရွာဘေးက အကုန်မီးရှို့တာ ဘုန်းကြီးကျောင်းမှာနေတာဖြစ်မယ်။ အဲနီးနား တစ်ဝိုက်အကုန်ရှို့တာ၊ ဆိုင်ကယ်တစ်ချို့ လမ်းပေါ်မှာ ယူထုတ်ပြီး မီးရှို့နေတာ၊ စပါးများတဲ့ စပါးကျီတွေလည်း မီးရှို့သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ဘောလခဲမြို့နယ်ကနေ တက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး တပ်မ(၇၇) နဲ့ ဘောလခဲအခြေစိုက် ခမရ ၄၂၉ တပ်တွေဖြစ်ပြီး ဒေါညေးခူကျေးရွာကို ရောက်ရှိတပ်စွဲနေတာ ၅ ရက်ခန့်ရှိပြီးဖြစ်ပါတယ်။ မီးရှို့ခံရတဲ့ အထဲမှာ ဒေသခံတွေရဲ့ စပါးကျီတွေ၊ ဆိုင်ကယ်တွေနဲ့ လူနေအိမ်တွေလည်း ပါဝင်ပြီး ဒေသခံတွေကတော့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ စပါးနဲ့ အခြားစားနပ်ရိက္ခာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို လုံလုံလောက်လောက် သယ်ယူသွားနိုင်ခြင်း မရှိတဲ့အတွက် ရိက္ခာပိုင်းအခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကောင်စီတွေထိုးစစ်ဆင်နေတာကြောင့် စစ်ဘေးရှောင် ၂ သောင်းဝန်းကျင် ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

spot_img
spot_img

Recent posts