spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါညေးခူ၊ ဒေါဆိုဖျကျေးရွာကို စစ်ကောင်စီက တစ်ကျော့ပြန်စစ်ကြောင်းထိုးလာပြီး တပ်စွဲထား

Author

Date

Category

ကေးဒူ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါတမကြီးကျေးရွာအုပ်စု အတွင်းကို မေလ၂ ရက်နေ့က စစ်ကောင်စီတပ်တွေ တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဒေါညေးခူနဲ့ ဒေါဆိုဖျကျေးရွာတွေမှာ ပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။

“လက်ရှိ စစ်ကောင်စီက ဧပြီလထဲ မှာပဲ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တာပေါ့နော်။ ဖြစ်ပြီးတော့မှ သူတို့ တောက်လျောက် ဒေါညေးခူ ဒေါဆိုဖျ ကနေ တောက်လျောက်ဆုတ်ရပြီးမှ ဒေါညေးခူရွာအကျော် တောင်ကျောတွေမှာ ဆုတ်သွားတယ်။ ဆုတ်သွားပြီးတော့ ကျနော်တို့ လိုက်လံချေမှုန်းရေး လုပ်တဲ့အခါမှာ သူတို့ဆက်ပြီး တောင်ကျော်အောက်မှာပဲ နေရာယူထားတယ်ပေါ့။ ဒါပေမယ့် မေလ (၂)ရက်နေ့ မနက်ပိုင်းမှာတော့ သူတို့ ဒေါညေးခူရွာထဲကို စစ်ကြောင်း ပြန်ထိုးလာပြီးတော့မှ ဝင်လာတယ်။ လက်တလောမှာဆိုရင် ဒေါညေးခူ ပြီးတော့ ရှေ့ရွာတစ်ရွာဖြစ်တဲ့ ဒေါဆိုဖျ ပေါ့။ အ့မှာ တပ်စွဲထားတယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီတပ်နဲ့ KA၊ KNDF၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာကာ ဒေါညေးခူ တောင်ကျောဖက်ကို ဆုတ်ခွာသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့အတွက် ဒေသခံတွေ အနေနဲ့ ကျေးရွာ အတွင်း ဝင်ရောက်တာတွေ ပစ္စည်းပြန်ယူတာတွေ မလုပ်ကြဖို့ကို KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက အသိပေးတိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့က ဒေါညေးခူ ကျေးရွာထဲကို ပစ္စည်းယူဖို့ ပြန်လာတဲ့ ဒေသခံ (၃)ဦးဟာ စစ်ကောင်စီရဲ့ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဘောလခဲမြို့နယ်မှ ဒေါညေးခူကျေးရွာကို စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အထိနာပြီး ဖရိုဖရဲဖြစ်ခဲ့ရသလို စစ်ကူတွေ ထပ်မံဖြည့်တင်းခဲ့ပေမယ့် ဖြတ်တောက်တိုက်ခိုက်ခံခဲ့ရတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဧပြီလအတွင်း ကရင်နီပြည်နယ်အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲပေါင်း (၅၀)ကြိမ်ဖြစ်သွားခဲ့ပြီး စစ်ကောင်စီတပ်က (၇၀)ဦး သေဆုံးခဲ့သလို အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်မျက်နှာအသီးသီးမှာ ထိခိုက်မှုများပြားတဲ့အတွက် ဧပြီလအတွင်း လေကြောင်းအကြိမ်ရေ (၁၀၈)ကြိမ်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မေလ ၃ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts