spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါတမကြီးတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူကို စစ်ကောင်စီမှ ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်သယ်ယူ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေါတမကြီးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရထားသူတွေကို ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ ရဟတ်ယာဥ် ၂ စီးဖြင့် လာရောက် သယ်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ကျနော်တို့ထင်တာကတော့ ဒဏ်ရာရတဲ့သူတွေကို ပြန်ပြီးခေါ်တယ်လို့ထင်တယ်။ အဲ့လိုခေါ်ဖို့အတွက် MI- 35 နဲ့ပဲရှေ့မှာ သယ်သွားတာတို့ ပို့ဆောင်ရေးလေယာဉ်နဲ့သယ်သွားတာတယ်။ နောက်ကနေ MI-35 နဲ့ လုံခြုံရေးလိုက်သွားတယ်။ အထိခိုက်များလို့ လေယာဉ်နဲ့ ရဟတ်ယာဉ်နဲ့ ဘောလခဲကနေ လွိုင်ကော်ကိုပို့တယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း ၄ နာရီ မိနစ် ၂၀မှာ ရဟတ်ယာဥ် ၂ စီးဖြင့် ဘောလခဲဘက်ကနေ လွိုင်ကော်ဘက်ကို ဦးတည်ပျံသန်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၉ ရက်နေ့မှစ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀၀ ဝန်းကျင် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရထားသူတွေ ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ အတွင်းရေးမှူး -၃ ခူးရီးရယ် က ပြောပါတယ်။

“အတိအကျတော့ ကျနော်တို့ မသိရဘူးပေါ့။ မှန်းရသလောက်ဆိုရင်တော့ ၁၀၀ ဝန်းကျင်နီးပါး ရှိတယ်ပေါ့။ အဲဒီထက်တော့ မလျော့ဘူး။”လို့ သူက ပြောပါတယ်။

ဒီကနေ့ မနက်အစော ပိုင်း ၆ နာရီ ဝန်းကျင်မှာလည်း တိုက်လေယာဥ်ဖြင့် လွိင်ကော်ဘက်ကနေ ဘောလခဲဘက်ကို အသွားအပြန် ပြုလုပ်နေတာလည်း ရှိပါတယ်။ ညနေ ၅ နာရီ ဝန်းကျင်မှာလည်း ရဟတ်ယာဉ်ပျံသန်းသွားလာတာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်တုန်းကလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာ တစ်ရွာကို တိုက်လေယာဥ်၊ ရဟတ်ယာဥ်တို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ပျက်ဆီးခဲ့တာလည်း ရှိပါတယ်။

မတ်လ ၈ ရက်နေ့ကနေစပြီး ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ်ဖက်သို့ အင်အား (၃၃၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၏ စကခ(၂) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်း နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဒေါညေးခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာတစ်လျှောက် ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ KNDF က မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img