spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါနိုးကူးစစ်ရှောင် ကိုယ်ဝန်ဆောင် မိခင်တွေ အာဟာရ ချို့တဲ့နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်းက ယာယီလက်ခံထားတဲ့ ဒေါနိုးကူး စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေဟာ အာဟာရရှိတဲ့ အစားအစာတွေ မစားသုံးနိုင်တာကြောင့် အာဟာရချို့တဲ့နေတယ်လို့ အဆိုပါ စစ်ရှောင်စခန်းက ကျန်းမာရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မော်စိုးမြာက ပြောပါတယ်။

“ကျမတို့ ဒီလိုမျိုး အခြေအနေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကြားထဲကဆိုရင် အများအားဖြင့်တော့ တွေ့ရှိရတာပေါ့နော။ ကလေးအာဟာရချို့တဲ့တာတို့၊ မိခင် အာဟာရချို့တဲ့တာတို့ အဲ့လိုမျိုးတော့ရှိတယ်။ ဒါပေမယ့် ကျမတို့ ဒီလိုခြေနေအရ ကိုယ်ဟာနဲ့ကိုယ် အဲ့လိုမျိုး အာဟာရ ပြည့်ပြည့်ဝဝ မစားနိုင်တဲ့ခါကျတော့ သက်ဆိုင်ရာ မဟုတ်ရင်လည်း တချို့တော့ အလှူရှင်တွေ အဲ့လိုမျိုး သူတို့အတွက် အာဟာရ ဖြစ်နိုင်တဲ့ အစားအစာ အဲ့လိုမျိုး လှူပေးစေချင်တယ်ပေါ့နော်။” လို့ မော်စိုးမြာက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင် ၂၁ ဦးအထိရှိနေပြီး တစ်ဝက်ခန့်မှာ အာဟာရချို့တဲ့မှု လက္ခဏာ တွေ့ရတယ်လို့ မော်စိုးမြာက ဆက်ပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ လက်မောင်းကို တိုင်းတာကြည့်တဲ့အခါ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း မပြည့်မှီဘူးဆိုရင် အာဟာရချို့တဲ့တယ်လို့ ဆေးပညာအရ သတ်မှတ်လို့ရတဲ့အပြင် မကြာခဏ မောပန်းနွမ်းနယ်တာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရချို့တဲ့ပါက ဝမ်းထဲက ကလေးငယ်ကိုပါ ထိခိုက်နိုင်တာကြောင့် မိခင်တွေကိုယ်တိုင်က အာဟာရပြည့်ဝအောင်စားသုံးပေးဖို့ လိုတယ်လို့ မော်စိုးမြာက ဆက်ပြောပါတယ်။

“ အာဟာရချို့တဲ့ ခဲ့မယ်ဆိုလို့ရှိရင် ကလေးက လ မစေ့၊ ပေါင်မပြည့်ဘဲနဲ့ မွေးနိုင်တယ်။ ကလေးကို အချိန်မတန်သေးပဲနဲ့ မွေးချိန်မတန်သေးပဲနဲ့ စောပြီးတော့မွေးနိုင်တယ်။ ပြီးလို့ရှိရင် ဗိုက်ထဲမှာရှိတဲ့ကလေး တစ်ယောက်ရဲ့ သူရဲ့ ဖွံ့ဖြိုးမှုပေါ့နော်၊ သူရဲ ဦးနှောက် ဖွံ့ဖြိုးမှု ၊ ကိုယ်အင်္ဂါ ဖွံ့ဖြိုးမှုလဲ နှေးကွေးမယ်။ ကိုအင်္ဂါ ချွတ်ယွင်း တဲ့ ကလေးကိုလဲ မွေးဖွားနိုင်တာပေါ့နော်။“ လို့ မော်စိုးမြာက ပြောပါတယ် ။

ဒေါနိုးကူးစစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို အာဟာရချို့တဲ့မှုနှုန်း တိုင်းတာစစ်ဆေးဖို့အတွက် စစ်ရှောင်စခန်းရဲ့ ဆေးခန်းမှာ ပစ္စည်း ကိရိယာတွေလုံလောက်မှု မရှိတာကြောင့် နီးစပ်တဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) က ဆေးခန်းကို ပို့ဆောင် စစ်ဆေးတာတွေ ပြုလုပ်ရတယ်လို့လည်း ဒေါနိုးကူး စစ်ရှောင်ဆေးခန်းက တာဝန်ခံ မော်ငါးမယ် က ပြောပါတယ်။

“ကျမတို့ တိုင်းရမဲ့ဟာက မရှိဘူးပေါ့နော်။ ဆေးခန်းပို့လိုက်တော့ စခန်းထဲက ဆေးခန်းဆရာမက ပြောပြလာတယ် နင်တို့ ကိုယ်ဝန်ဆောင်မိခင်မှာက အာဟာရချို့တဲ့တာရှိတယ်။” လို့ မော်ငါးမြာ ကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ဒေါနိုးကူးစစ်ရှောင်စခန်းမှာ အာဟာရချို့တဲ့မှုရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ လမစေ့ဘဲ ကလေးမွေးဖွားခဲ့ပြီး ကလေး အသက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ ဒေါနိုးကူးဆေးခန်းကနေ သိရပါတယ်။

spot_img
spot_img

Recent posts