spot_img
Sunday, September 24, 2023
spot_imgspot_imgspot_imgspot_img

ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ၅နှစ်အောက် ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံထဲကိုခိုလှုံဝင်လာပြီး အာဏာပိုင်တွေက ယာယီလက်ခံပေးထားတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းမှာ ၅နှစ်အောက်ကလေးငယ်တွေက ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေတယ်လို့ စခန်းရဲ့ ဆေးပေးခန်းမှာ တာဝန်ကျနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

“အများအားဖြင့် ၅ နှစ်အောက်ကလေးတွေ အဖြစ်များတယ်ပေါ့နော်။ ဒီဝမ်းပျက်ဝမ်းလျှောနဲ့ ပတ်သက်ပြီးတော့ ဘာလို့ဖြစ်ပွားတာလဲဆိုတော့ မသန့်ရှင်းသော အစားအစာ ပြီးတော့ ရေကြောင့်ပေါ့နော်၊ ကျမတို့ဒီမှာနေတာက ကျမတို့ကိုယ်တိုင်ချက်ပြုတ် လို့ မရဘူးပေါ့။ အများနဲ့ချက်ပြုတ်တဲ့ခါကျတော့ တစ်ခါတစ်လေကျရင် ထမင်းတွေက သိုးသွားတာတွေ ရှိတယ်ပေါ့နော်။ အဲ့ဒါတွေကြောင့် အဖြစ်များတာလဲ ပါတယ်” လို့ သူက ပြောပါတယ်။

လူဦးရေ ၃၈၈၆ ဦး ရှိတဲ့ အဲ့ဒီစစ်ရှောင်စခန်းမှာ တစ်ကိုယ်သန့်ရှင်းရေး အတွက် ရေမလုံလောက်တဲ့အပြင် အိမ်သာတက်ပြီး ရေလောင်းဖို့အတွက် ရေအလုံအလောက်မရှိဘူးလို့ စခန်းအုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဆရာမ နော်မူသောက ပြောပါတယ်။

“အခုလောလောဆယ်တော့ လူကလဲ များတဲ့ ခါကျတော့ ဒီရေပြဿနာ ရေက မလုံမလောက်ဖြစ်နေတယ် ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ပေါ့နော် ရေတွေငတ်တယ်ပေါ့နော်။ ပြီးတော့မှ သောက်ရေပဲဖြစ်ဖြစ်ပေါ့နော် ရေသန့်စက်တော့လုပ်ထားပေးတယ်။ ဒါပေမယ့် ရေတော့ မလာတော့ဘူး။ ဘယ်လိုမှ အဆင်မပြေဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ သူတို့လဲ လူများတဲ့ခါကျတော့လဲ ရေတွေအခက်ခဲကျတော့ ကျမတို့ ဘယ်လို မှ မဖြေရှင်းနိုင်ဘူးပေါ့နော်။ ” လို့ သူကပြောပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာ ရပ်ကွက် ၇ ရပ်ကွက်ရှိပြီး ထမင်း၊ဟင်းချက်ပြုတ်စားသောက်တဲ့ စားဖိုဆောင်တစ်ခုတည်းသာရှိနေသလို၊ ရေအရင်းအမြစ်ရှားပါးပြီး၊ အိမ်သာကိုလည်း စုပြီးသုံးစွဲနေကြရဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲကို ရောက်ရှိလာတာ ၁လကျော်ရှိနေပြီဖြစ်ပြီး လက်ရှိမှာ စခန်းထဲက သက်ကြီးရွယ်အိုနဲ့ ကလေးငယ် ၆၀ ကျော်က ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတယ်လို့ သိရပါတယ်။

Recent posts