spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါရောက်ခူကျေးရွာမှာ ၂နှစ်အောက် ကလေးငယ် အယောက် ၅၀ ကျော် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆို အနောက်ဖက်ခြမ်း ဒေါရောက်ခူကျေးရွာ နဲ့ စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက်နေ့မှ အောက်တိုဘာလ ၁၀ရက်နေ့အထိ ၂ နှစ်အောက်ကလေးငယ် အယောက်၅၀ကျော် ၀မ်းပျက်၀မ်းဝမ်းလျှောဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကျေးရွာဆေးခန်းမှာ တစ်နေ့ကို အနည်းဆုံး ၆ယောက်ကနေ ၁၀ယောက်ကြား ဆေးခန်းလာပြကြပြီး ဆေးလာယူတာရှိတယ်လို့ ဆိုပါတယ်။ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရာသီမရွေးဖြစ်ပွားနိုင်ပေမယ့် မိုးရာသီကာလအတွင်း အစားအသောက်နဲ့ ရေမသန့်ရှင်းမှုကြောင့် အဖြစ်များတာဖြစ်ပါတယ်။

ရာသီတုတ်ကွေးအပြင် ၀မ်းပျက်၀မ်းလျော ဖြစ်နေကြပြီး အစားအသောက်နဲ့ ရေမသန့်ရှင်းတာ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးအားနည်းတာကြောင့် ကူးစက်မှုမြန်တယ်လို့ ဆေးဆရာမတစ်ဦးက ပြောပါတယ်။

” သန့်သန့်ရှင်းရှင်းနေဖို့၊ ကလေးအနှီးတွေ နေပူလှန်းဖို့ ပြီးလို့ရှိရင် အစာမပြင်ဆင်ခင်မှ လက်တွေသေချာဆေးဖို့ပေါ့နော။ ကလေးမစင်တွေလှဲ ပြီးတဲ့အချိန်မှာလက်တွေဆေးဖို့။ ပြီး အစားမစားခင်မှာလက်တွေဆေးဖို့” လို့ အဆိုပါ ဆေးဆရာမက တိုက်တွန်းထားပါတယ်။

ကလေးတစ်ဦး ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ၄ရက်မှ ၇ရက်အထိကြာမြင့်တတ်ပြီး စဖြစ်ချင်းတစ်ရက်မှာ အဖတ်၊ ချွဲပါတာ၊ ဝမ်းပျော့တာ၊ တစ်နေ့ကို ၆ကြိမ်အထက် ဝမ်းသွားတာ၊ ရေငတ်တာ၊ နို့မစို့နိုင်တာ၊ အားမရှိတာ စတဲ့လက္ခာတွေဖြစ်တယ်လို့ ဆရာမက ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စစ်ရှောင်စခန်း ကလေးငယ်ဖြစ်ပွားမှုက ရွာခံကလေးဖြစ်ပွားမှုထက် ပိုများတယ်လို့ ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုမှ ကာကွယ်ဖို့ ရေကျိုချက်သောက်သုံးဖို့၊ လက်ကိုမကြာခဏ သန့်စင်အောင်ဆေးကြောဖို့၊ သန့်ရှင်းလတ်ဆတ်တဲ့အစားအစာစားဖို့၊ သက်သတမ်းလွန်အစားအစာ အမှည့်လွန်အသီးမစားဖို့၊ သန့်ရှင်းတဲ့ယင်လုံအိမ်သာအသုံးပြုဖို့၊ ကလေးငယ်ရဲ့ မစင်များ၊ ပေကျံနေသော အဝတ်အစားတွေကို စနစ်တကျ သိမ်းဆည်း လျှော်ဖွတ်ဖို့ ကျန်းမာရေးအသိပေးထားတာရှိပါတယ်။

spot_img
spot_img

Recent posts