spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ရဲ့ ပြစ်ဒဏ်ကို စစ်ကောင်စီက လွှတ်ငြိမ်းသက်သာခွင့်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ယနေ့ (ဩဂုတ်လ ၁ ရက်) မှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး အကျဉ်းသားတချို့ရဲ့ ပြစ်ဒဏ်တွေကို လျော့ချပြီး လွှတ်ငြိမ်းသက်သာခွင့်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုအမိန့်ချထားတဲ့ ပြစ်ဒဏ် ၁၉ ခုအနက် ၅ ခုကို ပြစ်ဒဏ် လွှတ်ငြိမ်းသက်သာခွင့်ပေးလိုက်ပြီး ကျန်တဲ့ပြစ်မှုတွေကို ဆက်လက်ကျခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

သမ္မတဦးဝင်းမြင့်ကိုလည်း တရားစွဲဆို အမိန့်ချထားတဲ့ ပြစ်ဒဏ် ၈ မှုထဲက နှစ်ခုကို လွှတ်ငြိမ်းသက်သာခွင့်ပေးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုအတွက် ၃၃ နှစ် ကျခံဖို့ အမိန့်ချခံထားခဲ့ရသလို့ သမ္မတဦးဝင်မြင့်ကတော့ အမှု ၈ မှုအတွက် ထောင်ဒဏ် ၁၂ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။

ဒါ့အပြင် လက်နက်ကိုင်နဲ့ပတ်သက်တဲ့ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာ အမှုနဲ့ တရားစွဲခံရသူ ၇၂ ဦးကိုလည်း ပြန်လည် ပိတ်သိမ်းပေးခဲ့ပါတယ်။ တစ်နိုင်ငံလုံးက အကျဉ်းသား ၇၇၄၉ ဦးကိုလည်း ပြစ်ဒဏ် လွှတ်ငြိမ်းသက်သာခွင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts