spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့်မွေးနေ့ပွဲကို ဒီးမော့ဆိုမှာ ပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ( ၇၈ ) နှစ်ပြည့် မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် နေပြည်တော်စစ်ဒေသခွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း ( ၈၀၆) တပ်ဖွဲ့မှ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းတစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်စေဖို့နဲ့ အမြန်ဆုံးလွတ်မြောက်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တပ်ရင်း ( ၈၀၆) တပ်ရင်းမှူး ဦးချိန်ပတ် ကပြောပါတယ်။

” ကိုယ့်နိုင်ငံကိုကောင်းဖို့ ကြိုးစားတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက် ကျန်းမာဖို့ပေါနော။ အဓိက ကတော့တိုင်းပြည်ကိုကယ်တင်တဲ့အခါ လွတ်လွတ်လပ်လပ်နဲ့ရှိစေချင်တာ အမြန်ဆုံးလွတ်မြောက်စေချင်တာပေါ့နော်” လို့ သူက ပြောပါတယ်။

နေပြည်တော်စစ်ဒေသခွဲ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်း ( ၈၀၆) တပ်ဖွဲ့ဟာ အာဏာမသိမ်းခင် အချိန်ကာလကတည်းက

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲကို မိဘမဲ့ကျောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ နှစ်စဉ် ပျော်ပျော်ပါးပါးကျင်းပလေ့ရှိပြီး ယခုအချိန်မှာတော့ လက်နက်ကြီးတွေကြား လေယာဉ်သံတွေကြားမှာ အခက်အခဲများစွာကြားက တတ်နိုင်သလောက် ကျင်းပရတာဖြစ်တယ်လို့ဆိုပါတယ်။

ယခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပနိုင်တဲ့အတွက် ပျော်မိသလို ဝမ်းနည်းမှုလည်းဖြစ်တယ်လို့ မွေးနေ့အထိမ်းအမှတ်ပွဲမှာ ပါဝင်သူ စာရေးဆရာ သားသခင် ကပြောပါတယ်။

” ပွဲဆိုပေမယ့်လည်း အကျွေးအမွေးပါပဲ ဒါပေမယ့် ရဲဘော်တွေ တစ်ခြားမတူညီတဲ့တပ်ရင်းတပ်ဖွဲ့ အဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုချစ်တဲ့စိတ်နဲ့ပေါ့နော် လေးစားတဲ့စိတ်နဲ့ရောက်လာတယ် သိုက်သိုက်ဝန်းဝန်းလေးတွေ့ရတော့ ဘာဖြစ်ဖြစ်ပျော်တာပေါ့ဗျာ ဝမ်းသာမိပါတယ် ပြီးတော့ ဝမ်းလည်းနည်းမိပါတယ်” လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့မွေးနေ့ပွဲကို မကျင်းပနိုင်တာ ၃ နှစ်ရှိသွားပြီဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီက စွပ်စွဲတဲ့ အမှုတွေမှာ ထောင်ဒဏ် ၃၃နှစ်ကျခံနေရသလို အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

spot_img
spot_img