spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဓါတုမြေသြဇာ လျှော့ချနိုင်ဖို့ စစ်ဘေးရှောင် လူထုတွေအတွက် သဘာဝမြေသြဇာ မြေဆွေးပြုလုပ်နည်း ပို့ချ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စစ်ဘေးရှောင် လူထုတွေထံ အခြေခံ စိုက်ပျိုးရေးအတွက် သဘာဝမြေသြဇာ မြေဆွေးပြုလုပ်နည်းကို ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုကနေ ယနေ့ ဇွန်လ ၁ ရက်နေ့မှာ လက်တွေ့ ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

ဓါတုမြေသြဇာလျှော့ချနိုင်ဖို့ အတွက် ရည်ရွယ်သလို စစ်ဘေးရှောင် လူထုတွေ ဒေသထွက် သဘာဝ မြေဆွေးပြုလုပ်နည်းတွေကို လက်တွေ့ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ နည်းပြ တစ်ဦးက အခုလို ပြောပါတယ်။

“တကယ့် အဆင့်မြင့် မဟုတ် ပေမယ့် ကိုယ့်ဒေသမှာ ရှိတဲ့ သဘာဝ မြေဆွေး ၊ နွားချေးတွေကို အသုံးပြုပြီးတော့ သူတို့ကိုလည်း သိခိုင်းစေချင်တာပေါ့၊ ကိုယ့်မှာ ဘာရှိလဲ ဘယ်လို အသုံးပြုနိုင်လဲပေါ့၊ သဘာဝ နွားချေးတွေကို အရင်လိုပဲ အသုံးပြုနေတော့ အကျိုးကျေးဇူး နည်းတာပေါ့၊ အဆင့်မြင့် လုပ်နိုင် ေအာင် ပိုမိုဖြစ်ထွန်းအောင်ပေါ့၊ ဘယ်လို ရောစပ်ရလဲ ပိုများလာအောင်။ ပြီးတော့ အဓိက က အစားသောက်ဖက်မှာ အကျိုးပိုရှိတာပေါ့၊ အဲ့ဒါကို ဓာတု လျော့ချခိုင်းစေချင်လို့ ပြုလုပ် ပေးတာ ဖြစ်တယ်။ ” လို့ ဆိုပါတယ်။

သဘာဝမြေသြဇာ ပြုလုပ်နည်း မှာ နွားချေး၊ ဖွဲနု၊ ဖွဲကြမ်း၊ ပြာ၊ လင်းနို့ချေး၊ မြေဆီလွှာ တို့နဲ့ ပါဝင်ပြုလုပ်ကြတာဖြစ်ပါတယ်။

ယခုလို သဘာဝမြေသြဇာ ပြုလုပ်နည်းပို့ချပေးတာက စစ်ဘေးရှောင်လူထုတွေအတွက် အကျိုးပြုစေတဲ့အကြောင်း ဒေသခံ တောင်သူ အမျိုးသမီးတစ်ဦးကလည်း အခုလို ပြောပါတယ်။

“အခုလို စစ်ဘေးရှောင် ကာလမှာ ဒီလိုလေး ပြုလုပ် ပေးတာကို အများကြီး အကျိုးပြုတယ်။ ” လို့ သူက ဆိုပါတယ်။

ယခုနှစ်အတွက် မိုးရာသီ ထွန်ယက်စိုက်ပျိုးတဲ့ ကာလ အမှီ စစ်ဘေးရှောင် ၅ ခုအထိ သင်တန်းပို့ချ ပေးနေတာဖြစ်ပြီး အခြေခံ သဘာဝမြေဆွေး အိတ်ရေပေါင်း ၁၀၀၀ ကျော် ပြုလုပ် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img