spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဓာတုမြေသြဇာ လျှော့ချနိုင်ဖို့ သဘာဝမြေသြဇာမြေဆွေး ပြုလုပ်နည်း ပို့ချပေး

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းရှိ နတ်တောင်စစ်ဘေးရှောင်စခန်းမှာ ဓာတုမြေသြဇာအသုံးပြုမှု လျှော့ချနိုင်ဖို့ စစ်ဘေးရှောင်တွေကို အခြေခံစိုက်ပျိုးရေး နဲ့ သဘာဝမြေသြဇာ မြေဆွေးပြုလုပ်နည်းကို ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုကနေ ဒီကနေ့ မတ်လ ၁၄ ရက်နေ့မှာ လက်တွေ့ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

” မြေသြဇာက ဘာနဲ့ထုတ်သလဲဆိုတာ မသိတော့ အခုလုပ်ပေးနေတာက အဆင့်မြင့်မဟုတ်ပေမယ့် ဒေသမှာရှိတဲ့ အနုဇီဝပိုးတွေကို ဒါက တကယ်အဆင့်မြင့်တဲ့ဟာထုတ်တာ မဟုတ်တော့ လက်တွေ့ထုတ်နိုင်ဖို့ ဒီဒေသမှာ နွားချီးတွေ အနုဇီဝပိုးတွေရှိတယ်ဆိုတာ သူတို့ကို သိစေချင်တယ်ပေါ့နော”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

သဘာဝမြေသြဇာပြုလုပ်နည်းမှာ လိုအပ်တဲ့ နွားချေး၊ ဖွဲနု၊ ဖွဲကြမ်း၊ ပြာ၊ လင်းနို့ချေး၊ မြေဆီလွှာ ပေါင်းစပ်ပြီး အသုံးပြုတဲ့နည်းကို စစ်ဘေးရှောင်တွေ လေ့လာသင်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဓာတုမြေသြဇာ လျှော့ချနိုင်ဖို့အတွက် သဘာဝမြေဩဇာပြုလုပ်နည်းကို သိခြင်းအားဖြင့် အကျိုးရှိစေတယ်လို့ တောင်သူတစ်ဦးက အခုလို ပြောပါတယ်။

“အပင်အတွက်လည်း ကောင်းစေမယ်၊ မြေအတွက်လည်း ကောင်းစေတယ်၊ ကျနော်တို့ မြေသြဇာ ဝယ်စရာလိုရင် ပိုပြီးသက်သာမယ်လို့ ဒီလိုထင်တာပေါ့၊ ကျနော်တို့အတွက် အကျိုးပြုတယ်၊ အရင်က ဓာတုတွေ အများကြီးသုံးလိုက်တော့ ကျနော်တို့ မြေတွေကို ပျက်စီးစေတယ်ပေါ့။ အခုဒီဟာနဲ့ ပြန်သုံးလိုက်တာက ကျနော်တို့ မြေတွေကို ပြန်လည်ကောင်းမွန်လာတယ် ကျနော်အဲ့လိုမြင်တာပေါ့နော။” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

သဘာဝမြေဩဇာမြေဆွေးပြုလုပ်နည်းကို ဆရာ၊ ဆရာမ ၃ ဦးကနေ ပို့ချပေးခဲ့ပါတယ်။ အဲ့ဒီ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img