spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နန်းကွယ်ကျေးရွာ အနီးတစ်နေရာမှာ ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ဘယ်ခြေထောက်ဆုံးရှုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်း၊ နန်းကွယ်ကျေးရွာ အနီးတစ်နေရာမှာ ဒီကနေ့(ဇန်နဝါရီ ၁၆ရက်) မနက် ၆နာရီခွဲအချိန်မှာ အမျိုးသား ပြည်သူတစ်ဦး စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းကို နင်းမိခဲ့ပြီး ဘယ်ခြေထောက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မိုင်းနင်းမိတဲ့ ပြည်သူကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-12) ကို ပြည်သူတွေ အကူအညီတောင်းလာတဲ့အတွက် မိုင်းနင်းမိတဲ့သူကို ရှေးဦးသူနာပြုစုပေးခဲ့ပြီး၊ နီးစပ်ရာ ဆေးခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

“ သူက ဘုရားသွားပြီးတော့မှ ဆွမ်းကပ်တယ်ပေါ့နော။ သူဘေးပတ်ဝန်းကျင်ကို လျောက်ပတ်လိုက်ကြည့်တဲ့အချိန်ပေါ့နော။ အဲ့မှာ မိုင်းနင်းမိသွားတာ။ ဘယ်ဖက် ခြေထောက်က ပုံမှာ တွေ့ထားတဲ့အတိုင်းပဲပေါ့နော။အဲ့လိုဖြစ်သွားတယ်။ နောက် ညာဖက်ခြေထောက်ကတော့ ယမ်းစလေးတွေ စင်တာတော့ရှိတယ်ပေါ့နော။ “ လို့ KNDF B-12တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

မိုင်းနင်းမိတဲ့ သူက အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး လွိုင်လင်လေးမြို့နယ်အတွင်း နေထိုင်သူဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရပြီး ရိက္ခာကုန်လို့ပြန်လာယူတဲ့ ပြည်သူအချို့လည်း လမ်းဘေး၊ အိမ်ရှေ့တွေမှာ စစ်ကောင်စီတပ်ကထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ခြေပြတ်တဲ့သူလည်းရှိခဲ့ပါသေးတယ်။

ကရင်နီပြည်နယ်မှာဆိုရင် စစ်ကောင်စီထောင်ထားတဲ့ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၁၀ဦးဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts