spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နမ့်ဟူးကျေးရွာကို စစ်ကောင်စီ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်၊ မဲနယ်တောင် ဒေသက နမ့်ဟူးကျေးရွာကို စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ မီးလောင်ဗုံးတွေ အသုံးပြုပြီး ဖျက်ဆီးခဲ့သလို မြေပြင်မှာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးကြတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ရဲ့ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဓိက သူတို့ဒီလက်နက်ကြီးတွေ ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေပစ်တာပေါ့နော်။ အဲ့တာမျိုးကြောင့် လောင်သွားတာဖြစ်တယ်လို့ သိရတယ်ပေါ့။ ဒါမဲ့ သူတို့က ရွာရဲ့ အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ ရှိတဲ့ တောင်ပေါ်မှာလည်း ရှိတော့ သူတို့ဆင်းလာပြီး ရှို့တာမျိုးလည်း ဖြစ်နိုင်တာပေါ့လေနော်။ တစ်ရွာလုံးနီးပါးလောင်သွားတယ်ဆို‌တော့ သူတို့ မီးလောက်ဗုံးလည်းကြဲတယ်။ မီးလည်း။ မြေပြင်မှာလည်း ရှို့တယ် အဲ့လိုလည်း ဖြစ်နိုင်တာပေါ့နော်” လို့ PNLA ရဲ့ စစ်ဖက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့တဲ့နေရာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်တွေရဲ့ တပ်စွဲနေရာယူထားခြင်းမရှိသလို နှစ်ဖက် ထိတွေ့တိုက်ပွဲမရှိဘူးလို့ PNLA ကဆိုပါတယ်။

မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာမှာ နေအိမ် ၁၀၀ ဝန်းကျင်ရှိပြီး နေအိမ်အကုန်နီးပါး မီးလောင်သွားခဲ့တယ်လို့ PNLA ရဲ့ စစ်ဖက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“အဲ့ဒီနမ့်ဟူးကျေးရွာမှာလောင်သွားတာက ရွာလုံးကျွတ်လို့ ပြောရမှာပေါ့နော်။ ကျန်ခဲ့တာက လည်း၅အိမ်ထက် မပိုဘူးလို့ ပြောတာပေါ့နော်။ အဲ့လိုရွာလုံးကျွတ်နီးပါ့ပေါ့ ” လို့ ဆိုပါတယ်။

မတ်လ ၁၂ ရက်နေ့ တစ်ရက်တည်းမှာပဲ ဆိုက်ခေါင်စံပြကျေးရွာကနေ ဆီဆိုင်မြို့ထဲကို လက်နက်ကြီးတွေနဲ့ အကြိမ် ၈၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ် ၁၄ အိမ်ထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားမှု တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲထားခြင်းမရှိတဲ့ နေရာတွေမှာလည်း နေ့စဥ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေပြီး ပြည်သူ့အိုးအိမ် စည်းစိမ်များစွာ ထိခိုက်ပျက်စီးနေပြီလို့ PNLA ရဲ့ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။

spot_img
spot_img

Recent posts