spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နမ်းနိန်ကျေးရွာမှာဖြစ်ခဲ့တဲ့ သံဃာတော်သုံးပါးအပါအဝင် အရပ်သား(၂၂)ဦး သတ်ဖြတ်ခံရမှုကို နိုင်ငံတကာမှာ အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်လို့ KSP ဆို

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ နမ်းနိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သံဃာတော် ၃ပါး၊ အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသား(၁၈)ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကို နိုင်ငံတကာမှာ အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် ရဲဌာန ( KSP ) တာဝန်ခံ ဘိုဘိုက ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ ကျနော်တို့ ကရင်နီပြည်ရဲကနေ ဒီထက်အသေးစိတ်တဲ့ သက်သေအချက်အလက်တွေကိုရအောင် ထပ်စုံစမ်းသွားမှာြဖစ်တယ်။ ပြီးတော့ ရွာသားတွေ ၊ သံဃာတွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့က အလောင်းစစ်ဆေးတဲ့အပေါ်မှာလည်း ပေါ်တယ်ပေါ့နော။ သူတို့ ဓားတွေနဲ့ ခုတ်ထားတယ် ညှင်းပန်းနှိပ်စက်ထားတယ်ဆိုတာ တွေ့ရတယ်။ အဲဒါတွေကြောင့် ကျနော်တို့က မတရားညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုနဲ့ အမှုဖွင့်ထားတယ် ကျနော်တို့ကရင်နီပြည်ရဲကနေ။ သက်သေတွေကို ကျနော်တို့ သိမ်းထားမှာြဖစ်ပြီးတော့ အမှုဖွင့်ပြီးတော့ တရားစွဲ အရေးယူသွားမယ်။ ပြီးရင် နိုင်ငံတကာကိုလည်း ချပြီးတော့မှ ကျနော်တို့ အရေးယူနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ” လို့ ကိုဘိုဘိုက ပြောပါတယ်။

နမ်းနိန်ကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကနေ မတ်လ ၁၆ရက်နေ့မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းအချိန်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့တာဖြစ်တယ်လို့ မှတ်တမ်းအရ သိရပါတယ်။

ရရှိထားတဲ့ ရုပ်အလောင်းတွေကို ခွဲစိတ်စစ်ဆေးပြီး တွေ့ရှိချက်အရလည်း အရပ်သားတွေဟာ နှိပ်စက်ခံရပြီးမှ သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ကရင်နီပြည် ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ရဲဇော်က အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ စစ်ဆေးတွေ့ရှိရတဲ့ ဒဏ်ရာတွေမှာ သေနတ်ဒင်နဲ့ ထုမယ် တခြား သုံးတဲ့ လက်နက်တွေနဲ့ လည်းလုပ်မယ်။ လက်နက်တွေနဲ့ထိုးမယ်။ ဓားတွေပါရင် ဓားတွေနဲ့ ထိုးမယ်။ နောက်ပြီး တချို့ ကျနော် ပြတဲ့ ပုံထဲမှာဆိုလို့ရှိရင် ဆေးလိပ်မီးနဲ့ ထိုးထားတဲ့ ဒဏ်ရာတွေ ပြီးတော့ ဒီသတ္တုပြားကို မီးကင်ပြီးတော့ အဲဒီမီးကင်ထားတဲ့ သတ္တုပြားနဲ့ အရည်ပြားကို မွန်းထားတဲ့ ဒဏ်ရာတွေ ကျနော် ပုံမပြလိုပါ။ အဲဒါတွေ ကျနော်တို့ဆီမှာရှိပါတယ်။ မှတ်တမ်းတွေပေါ့နော။ ကျနော်တို့ သေနတ်ဒဏ်ရာနဲ့ ရရှိတဲ့ ပုံတွေထဲမှာ ပါးစပ်ကို တေ့ပြီး ပစ်ချလိုက်တာ နောက်စေ့ပွင့်ထွက်သွားတယ်။ ဒီလိုပုံတွေလည်း ကျနော့်ဆီမှာ အများကြီးရှိတယ်။ တချို့ ပုံတွေ ပြဖို့မသင့်တော်တာတွေကော အချိန်ကြောင့်ကော ကျနော် ချန်ရစ်ခဲ့တာပါ။ ဒါဟာ စစ်ကောင်စီက ပစ်သတ်တယ်ဆိုတာ ပိုပြီး သိသာထင်ရှားတဲ့ အချက်အလက်တွေ ကျနော်တို့ဆီမှာ အများကြီးရှိပါတယ်။ ဒါက ကျနော် ဆေးပညာရပ်ပိုင်းဆိုင်ရာ အရကြည့်တာပေါ့နော။ ” လို့ ဒေါက်တာ ရဲဇော်က ပြောပါတယ်။

မတ်လ ၁၂ရက်နေ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထုတ်ပြန်ချက်အရ ပျောက်ဆုံးသူ (၃၀)ဦးအနက် သေဆုံးသူရုပ်အလောင်း ၂၈လောင်းကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

သို့ပေမယ့် ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မှတ်တမ်းရိုက်ကူးရာမှ အတည်ပြုနိုင်တဲ့ရုပ်အလောင်း ၂၂လောင်းရှိခဲ့ကြောင်း၊ ကျေးရွာအတွင်း ဒရုန်းထောက်လှမ်းတဲ့အချိန် သေဆုံးရုပ်အလောင်းလို့ ယူဆရတဲ့ ၇လောင်းတွေ့ရှိခဲ့ပေမယ့် အတိအကျအတည်မပြုနိုင်သေးတဲ့အတွက် ၂၂လောင်းသာ အတည်ပြုနိုင်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) မဟာမိတ်ဆက်ဆံရေး ဒုခွဲမှူး က ပြောဆိုသွားပါတယ်။

ပင်လောင်းမြို့နယ်မှာဆိုရင် စစ်ကြောင်း ၂ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပြီး စစ်ကောင်စီဖက် လေကြောင်းသုံးတိုက်ခိုက်တာတွေ လည်းရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts