spot_img
Sunday, September 24, 2023
spot_imgspot_imgspot_imgspot_img

နယ်စပ်တလျှောက် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီ စစ်ရှောင်တွေကို NUG မှ သိန်း (၃၈၀) ကျော် ထောက်ပံ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီ နယ်စပ်တလျှောက်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီစစ်ရှောင်တွေအတွက် ကျပ်သိန်း (၃၈၀) ကျော် တန်ဖိုးရှိ ပစ္စည်းတွေကို ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီအကူအညီတွေကို ကရင်နီလူမှုအသင်းအဖွဲ့တွေအပြင် သက်ဆိုင်ရာ ဒေသတွင်းအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီပံ့ပိုးထားတယ်လို့လည်း ဆိုထားပါတယ်။

“နယ်စပ်နဲ့ နီးတဲ့ IDP တွေအတွက် ကျမတို့ ပြန်ပြီးတော့ အသုံးပြုတယ်ပေါ့နော။ NUG ကကူညီတဲ့ဟာပေါ့။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တာရာယ်စီမံခန့်ခွဲရေးဌာန ကနေ သူတို့ကူနေတဲ့ဟာရှိတယ်ပေါ့နော။” လို့ နယ်စပ်စစ်ရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ CTER အဖွဲ့မှ မော်သဲမာ က ပြောပါတယ်။

ကရင်နီပြည်တွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအပြင် ၊ စစ်ကောင်စီရဲ့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိုင်း-ကရင်နီနယ်စပ်တကြောက ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေကို ဆန်ရိက္ခာ၊ အမိုးအကာနဲ့ လူသုံးကုန်ပစ္စည်းတွေ ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီစစ်ရှောင်ဦးရေ ၉ ထောင် ဝန်းကျင်ကို ထိုင်းက ယာယီလက်ခံထားပြီး ထိုင်းနိုင်ငံထဲကို ဝင်လာခွင့်မရသေးတဲ့ စစ်ရှောင် ၂၀၀၀ ဝန်းကျင်ကလည်း နယ်စပ်ဒေသတွေမှာ စစ်ရှောင်နေကြရဆဲဖြစ်ပါတယ်။

အဆိုပါစစ်ရှောင်တွေဟာ လက်ရှိမိုးရာသီမှာ နေရာထိုင်ခင်း အခက်အခဲတွေရှိနေသလို တောတောင်ထဲမှာ စစ်ရှောင်နေရတဲ့အတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေလည်း ရှိနေပါတယ်။

NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဖွဲ့စည်းပြီး ဒီကနေ့အချိန်ထိ ကရင်နီလူထုအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာ၊ ထိတွေ့တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသူ ကျဆုံးသူတွေရဲ့ ကျန်ရစ်တဲ့မိသားစုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရာမှာ ငွေကျပ် (၄၃၈) သန်း ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Recent posts