spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နယ်လှည့်ဆေးကုသရင်း ဖက်ဒရယ်ကျန်းမာရေးစနစ် ဖော်ဆောင်နေ

Author

Date

Category

စိုးထိုက်အောင်၊ အန်ထောနီ

ကယား(ကရင်နီ)ပြည်နယ်တွင် တခြားတိုင်းရင်းသားကျန်းမာရေးဌာအဖွဲ့အစည်းတွေနဲ့ အတူတူ ဖယ်ဒရယ်ကျန်းမာရေးစနစ်ကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီမှ စေတနာ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီကျမတို့ ဖယ်ဒရယ် Health System ကို ကျမတို့သွားဖို့လုပ်နေတယ်လေ ဒီအချိန်မာပဲ တစ်ချိန်ထဲမှာပဲ ကိုယ့်ပြည်နယ်လဲ ကိုယ်က ကျန်းမာရေးကဏ္ဍတွေ အားလုံးပါဝင်သလို တစ်ခြားသောတိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းနဲ့လဲ ကျမတို့အလုပ်အတူတူတွဲလုပ်တယ်ပေါ့နော်။” လို့ ၎င်းက ပြောပါတယ်။

ဖယ်ဒရယ်ကျန်းမာရေးဝါဒဆိုတာက အစိုးရက လူထုပါဝင်ဆုံးဖြတ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်ပါတယ်။

ဖယ်ဒရယ်မူဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်းဆိုတာက အစိုးရအဆင့်ဆင့်အလိုက် တာဝန်ယူ၊ တာဝန်ခံခြင်းပဲဖြစ်ပါတယ်။

ဒါတွေကိုတော့ လက်တွေ့မှာ အစိုးရက မလုပ်နိုင်သေးတာကြောင့်လည်း ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီအဖွဲ့ကနေပြီး တခြားကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေ ဆောင်ရွက်ရင်း ဖက်ဒရယ်ကျန်းမာရေးမူဝါဒတွေ သွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီ အနေနဲ့ ခွဲစိတ်ရတဲ့ လူနာကလွှဲပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ကူးစက်ရောဂါတွေကိုကုသပေးနေတယ်လို့ဆိုပါတယ်။

၎င်းတို့အဖွဲ့ကနေပြီးတော့ တရွာဝင်တရွာထွက် နယ်လှည့်ပြီးတော့ လူနာတွေကို လိုက်ကုသပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာတော့ ဆေးခန်း ၁၄ ခုရှိပြီးတော့ နယ်လှည့်တဲ့အဖွဲ့ အဖွဲ့ ၂၀ ရှိပါတယ်။

တခြားမိခင်နဲ့ ကလေးကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် ၊ ကာကွယ်ရေးအပိုင်းဖြစ်တဲ့ တကိုယ်ရေသန့်ရှင်းရေးအတွက် ရေနဲ့ အိိိမ်သာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။

အဓိက အစိုးရလက်လမ်းမမှီတဲ့ ကျေးလက်တွေဘက်ကို ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။

ဘောလခဲမြို့နယ် ကျေးလက်ဒေဘက်မှ ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီဝန်ထမ်း ခဲရီတူး က “တစ်ကယ့်မြို့ပေါ်မှာ ကားလမ်းဘေးမှာကျတော့ လှုပ်ရှားမှုတော့ သိပ်ရှားမှုတော့မရှိဘူး။ အစိုးရတွေ လက်လှမ်းမမှီတဲ့နေရာမှာ အကုန်လုံးကို တာဝန်ယူတယ်ပေါ့။” လို့ပြောပါတယ်။

လျှပ်စစ်မီးမရ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေမှာတော့ ကလေးတွေကို ကာကွယ်ဆေးအချိန်မှီ ထိုးပေးဖို့တွေက ဆေးတွေထားဖို့ရေခဲတွေလိုအပ်တာဖြစ်တဲ့အတွက် လူငှားပြီးထမ်းရတာမျိုးတွေလုပ်ရတယ်လို့ စေတနာ့ဝန်ထမ်းတွေဆီကနေ ကြားသိရပါတယ်။

“သစ်ကိုင်းတွေဘာတွေလည်း ကျိုးကျတယ် ဒီလိုအခြေအနေမှာ ကျနော်တို့က သွာလာလှုပ်ရှားနေရတယ်။ ဆေးပစ္စည်းနဲ့ပတ်သက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက်ကြောင့် ကျနော်တို့ သယ်ယူပို့ဆောင်တဲ့နေရာမှာ အခက်အခဲရှိတယ်ပေါနော။”လို့ ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီမှ ဖားဆောင်းမြို့နယ် မောချီးဒေသ နယ်စွန်နယ်ဖျားဘက်မှာ တာဝန်ရှိသူ supervisor မောင်ဦးက သူ့ရဲ့ အတွေ့အကြုံကို ပြောပါတယ်။

ဖားဆောင်းမြို့နယ်ဘက်က ကရင်ပြည်နယ် နယ်စပ်နဲ့နီးတဲ့ ကိုတိုးခီး၊ ကွားခီးလိုကျေးရွာတွေမှာဆိုရင် ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီဆေးခန်း ၃ ခု ထားပြီးတော့ အခြေခံ ကျန်းမာရေးလုပ်ငန်းတွေ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၅ နှစ်အောက် ကလေးငယ်တွေကို အထူးပြုစုစောက်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။

“ကျနောတာဝန်ကျနေတဲ့နေရာမှာဆိုရင် အစိုးရကျန်မာရေးဌာနတော့ လုံးဝမရှိဘူးပေါနော ကျနော်တို့ ဒီအဖွဲ့တစ်ဖွဲ့ပဲ ရှိပါတယ်ပေါ။ အစိုးရကိုတောင်းဆိုချင်တာတော့ အများချည်းပေါ့ ဒါပေမယ့်လည်း ပူးပေါင်ပါဝင်မှုအဓိကပေါ့နော်။” လို့ မောင်ဦးက ပြောပါတယ်။

အစိုးရဌာနဆိုင်ရာတွေနဲ့ကတော့ ကာကွယ်ဆေးလုပ်ငန်းတွေအပိုင်းမှာ ချိတ်ဆက်ဆောင်ရွက်မှုရှိတယ်လို့သိရပါတယ်။ တခြား ကျန်းမာရေးဝန်ဆောင်မှုတွေပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲတွေ စတာတွေလည်း အစိုးရဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပူးပေါင်းလျက်ရှိတယ်လို့သိရပါတယ်။

ကာကွယ်ဆေးလုပ်ငန်းကိုတော့ အစိုးရဘက်က မသွားနိုင်တဲ့ ရှားတောမြို့နယ်နဲ့ဖားဆောင်းမြို့နယ်ထဲက ကျေးလက်တွေကို ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

အခုလို အစိုးရကျန်းမာရေးဌာနဆိုင်ရာတွေဘက်လက်လမ်းမမှီတဲ့ ကျေးရွာ ၂၄၀ကျော်ကို ကယား(ကရင်နီ)ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စေတနာ့ဝန်ထမ်း အယောက် ၂၀၀လောက်ကနေပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts