spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နားခိုက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံး၊ နေအိမ် ၄ လုံးပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုအပြင် စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးထိမှန်ပျက်စီးသွားတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PNLA) က အသိပေးထုတ်ပြန်ထားပါတယ်။

PNLA ရဲ့ စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “စစ်ကောင်စီက လေယာဥ်နဲ့ တိုက်လေယာဥ်နဲ့ ပေါ့နော် ဗုံး ၈ ကြိမ် လာကြဲသွားတယ်။ ပြီးတော့ စက်သေနတ်တွေ နဲ ပစ်တာပေါ့နော်။ နေအိမ် ၄ အိမ်က ထိခိုက်ပျက်စီးသွားတယ်။ စာသင်ကျောင်းက ပြတင်းပေါက်တွေ တံခါးတွေ ထိတယ်ပေါ့။ ပြီးတော့ ဖားခွန်းဆိုတဲ့ ဒေသခံ တစ်ဦးပေါ့။ အသက် ၆၃ နှစ်က တော့ အသက်ဆုံးရှုံးသွားတယ်ပေါ့။ သူက သူ့အိမ်ရှေ့မှာ နနွင်းပြုတ်နေတဲ့အချိန်မှာ ဗုံးကြဲ ခံရလို့ ဆုံးသွားတာပေါ့။” လို့ ပြောပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမ်းခိုက်ကျေးရွာကို လေယာဉ်နဲ့ ၈ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် အသက် ၆၃နှစ်အရွယ် အမျိုးသားတစ်ဦးထိမှန်သေဆုံးခဲ့သလို နေအိမ် ၄ လုံးနဲ့ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာလည်း ဟိုပုံးမြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၁လုံးထိမှန်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှာလည်း ပစ္စည်းသယ်ယူဖို့ ပြန်လာတဲ့ ဒေသခံတွေရဲ့ ကားယာဉ်တန်းကို ဆီဆိုင်မြို့နဲ့ တဆက်တည်း ရှိတဲ့ ဝါးတောရွာအနီးအရောက်မှာ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုဆိုင်ရာ ကျူးလွန်နေပြီး အကြောင်းမဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်ရဲ့လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ ဗုံးခိုးကျင်း တူးထားဖို့ကိုလည်း PNLA က တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts