spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံရေးပါတီများကို ပြည်နယ်အစိုးရမှ ကန့်သတ်သည်မှာ ကျိုးကြောင်းမဆီလျှော် ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအနေဖြင့် မိမိတို့ ပါတီဝင်များ၊ မဲဆန္ဒနယ်မှပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် ဒေသအာဏာပိုင်များက လိုက်လံဟန့်တားသည့်အပေါ် ကျိုးကြောင်းဆီလျှော်မှုမရှိဘူးလို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက သုံးသပ်ပြောဆိုလိုက်ပါတယ်။

လွိုင်ကော် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေရဲ့ လှုပ်ရှားမှုတွေကို သတိပေး ထုတ်ပြန်စာတွေ ပေးပို့ဖူးတဲ့အတွက် အခုလို တိုင်းရင်းသားပါတီတွေက တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေကို လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေသာ ညွန်ကြားသင့်တယ်လို့ ယူဆထားပြီး ယခုလို ပြည်နယ်အစိုးရမှ တဆင့် အထွေထွေအုပ်ချုပ်ရေးမှူးများက လိုက်လံညွန်ကြားနေခြင်းသည် မဖြစ်သင့်ဘူးလို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ် က ပြောပါတယ်။

၎င်းက “အခုက ပြည်နယ်အစိုးရကနေ ထုတ်ပြန်တယ်ဆိုတော့ ဘဘာဝမကျဘူးပေါ့နော်၊ အခုက အရပ်ဘက်အဖွဲ့အစည်းတွေကို ချုပ်ချယ်ကန့်သတ်တာတွေအပြင် ကျနော်တို့နိုင်ငံရေးပါတီကိုပါ ချုပ်ချယ်ချင်သလိုဖြစ်နေပြီ” လို့ ပြောပါတယ်။

လုပ်ထုံးလုပ်နည်းနှင့်မဆီလျှော်ကြောင်းနှင့် ယခုလုပ်ရပ်မှာ နိုင်ငံရေးပါတီများကို ချုပ်ချယ်ချင်သည့် သဘော သက်ရောက်ကြောင်း ဦးသဲရယ်က ဝေဖန်ပြောဆိုသွားပါတယ်။

NLD ပါတီအနေဖြင့်အစိုးရဖြစ်သည့်အချိန်တွင် ကြိုက်သလိုစီမံခွင့်ရှိနေပြီး ဒေသန္တရဆိုင်ရာညွန်ကြားချက်များသည် အခြားသောနိုင်ငံရေးပါတီများကိုနှိပ်ကွပ်ရာရောက်သည်ဟု ကယန်းအမျိုးသားပါတီ ဥက္ကဌ ခူးဘီထူးကပြောပါတယ်။

“အဲ့တော့ ဒီညွန်ကြားချက်တွေအနေနဲ့က တရားမျှတမှုမရှိဘူးပေါ့နော်၊ အစိုးရဖြစ်နေတဲ့ပါတီက အခြားပါတီတွေကို နှိပ်ကွပ်ချင်တိုင်းနှိပ်ကွပ်နေတဲ့ အနေအထားမျိုးပေါ့” ဟု သူ့အမြင်ကို ပြောသွားပါတယ်။

ယခုကဲ့သို့ ပြည်နယ်အစိုးရမှ ဒေသန္တရအမိန့်ဟုဆိုကာ ပါတီဆိုင်ရာကိစ္စရပ်များကိုထုတ်ပြန်ကန့်သတ်လိုက်ခြင်းအားဖြင့် လက်ရှိအာဏာရပါတီအနေဖြင့် ပြိုင်ဘက်ပါတီကို တစ်နည်းတစ်ဖုံ ထိန်းချုပ်ရာသက်ရောက်ကြောင်း ပြည်နယ်အရေးလေ့လာသူ ကိုကျော်ထင်အောင်ကဆိုသည်။

“တရားဝင်နိုင်ငံရေးပါတီဖြစ်တဲ့အတွက်ကြောင့် လွတ်လပ်စွာလုပ်ဆောင်ခွင့်ရှိရမယ်၊ မဲဆွယ်စည်းရုံးရေးကာလမဟုတ်တဲ့အတွက်သူတို့တွေရဲ့တရားဝင်ဖြစ်တည်မှုနဲ့လုပ်ဆောင်မှုကတော့ရှိရမယ်၊” ဟု သုံးသပ်ပြောဆိုသွားသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကို လွိုင်ကော် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ၎င်းတို့နှင့် သက်ဆိုင်သည့်ပါတီရုံးနှင့် ရုံးခွဲများတွင်သာပြုလုပ်ကြရန်နှင့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာ၊ ပုဂ္ဂလိကပိုင်နေရာများတွင်ပြုလုပ်မည်ဆိုပါက ငြိမ်းစုစည်ဥပဒေနှင့်အညီတင်ပြပြီး လိုက်နာရမည့်စည်းကမ်းချက်အတိုင်း ဆောင်ရွက်ကြဖို့ ၂၀၁၉ ခုနှစ် မေလတုန်းက သတိပေးစာပေးပို့ထားခဲ့ဖူးပါတယ်။

spot_img
spot_img

Recent posts