spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ PPNM ပြော

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရပြီး အသက်မပြည့်သေးတဲ့ ကလေးလူငယ်တွေကို ထားရှိတဲ့ လူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းအမည်ခံ လူငယ်အကျဉ်းထောင်တွေမှာ အမျိုးသမီးငယ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ကြုံတွေ့နေရတယ်လို့ ဒီကနေ့ မေလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အသိပေးထုတ်ပြန်ထားပါတယ်။

စားသောက်ရေး ခက်ခဲလာတဲ့အပြင် ကလေးသူငယ်အခွင့်အရေးကို ဆုံးရှုံးနေကြတယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“လက်ရှိမှာ ကလေးသူငယ်အခွင့်အရေးအပြင် ကျနော်တို့ ကလေးငယ်တွေက အကျဉ်းထောင်တွေ အဲ့ သင်တန်းကျောင်းအတွင်းမှာနေထိုင်တဲ့ သူတွေ စားသောက်ရေးခက်ခဲလာတယ်။ ပြီး‌တော့ အမျိုးသမီးငယ်တွေကအစ ထင်းတွေ ခွဲခိုင်းတာတို့ မြက်ပေါက်ခိုင်းတာတို့ ဒါတွေ လုပ်ရတာပေါ့နော်။ ဒါက ဒီအမျိုးသမီးငယ်လေးတွေက အိမ်မှာဆိုရင် မိသားစုရင်ခွင်မှာ အေးချမ်းစွာနေရတဲ့ အရွယ်လေးတွေ ပေါ့နော်။ နိုင်ငံရေးကိစ္စနဲ့ တချို့ အမျိုးသမီးငယ်လေးတွေ အဖမ်းခံရတာတွေ ရှိတယ်။ အဲ့လို အခြေအနေမျိုးမှာ ဒီလိုမျိုး အလုပ်ကြမ်း လုပ်ခိုင်းတာတွေလည်း မသင့်တော်ဘူးပေါ့နော။”လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

အသက်မပြည့်သေးတဲ့ လူငယ်အမျိုးသမီးတွေကို ရန်ကုန်မှာရှိတဲ့ ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်း နဲ့ မန္တလေး မှာရှိတဲ့ ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းတွေမှာ ဖမ်းဆီးထားတာရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အထက်ပါ ဖော်ပြထားတဲ့ သင်တန်းကျောင်းမှာ အမျိုးသမီးငယ်တွေကို ထားရှိတဲ့စခန်း၊ ရေချိုးခန်းနဲ့ အိမ်သာခန်းတွေမှာ CCTV တပ်ဆင်ထားတာကြောင့် လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှု၊ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်မှုတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အမျိုးသမီးငယ်တွေ ရေချိုးချိန်၊ အိမ်သာသွားချိန်တွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ခံစားနေရတယ်လို့ PPNM က ပြောပါတယ်။

လူ့အခွင့်အရေး ၊ ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံရတဲ့ အမျိုးသမီးငယ်တွေဟာ ထောင်တွင်းစားသောက်ရေး အဆင်မပြေမှု နဲ့ ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း PPNM က ပြောဆိုပါတယ်။

အဲ့ဒီ သင်တန်းကျောင်းတွေထဲက မန္တလေးမှာရှိတဲ့ ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းမှာဆိုရင် ကရင်နီဒေသ၊ ချင်းပြည်နယ်နဲ့ အခြားသော ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေ အကျဉ်းချခံထားရတယ်လို့ ဆိုပါတယ်။ တချို့အမျိုးသမီးငယ်တွေမှာ နယ်ဝေးမှ မိသားစုဝင်တွေက ထောင်ဝင်စာပေးပို့နိုင်ခြင်းမရှိတာကြောင့် သင်တန်းကျောင်းက ကျွေးတဲ့ ပဲဟင်းနဲ့ ထမင်းကိုသာ စားသောက်နေရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးသင်တန်းကျောင်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးလူငယ်အမျိုးသမီးရဲ့ အသက်အရွယ်ဟာ ၁၃ နှစ်နဲ့ ၂၀ နှစ် ကြားရှိပြီး ၁၃ နှစ်အောက်ငယ်တဲ့သူတွေလည်း ပါနိုင်တယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

spot_img
spot_img

Recent posts