spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နိုဝင်ဘာလအတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးထောင်ကျော်ဖမ်းဆီးရမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလအတွင်းမှာဆိုရင် ရောင်းဝယ် နေတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားကို ကရင်နီပြည်ရဲဌာန ( KSP ) ကနေ ဖမ်းဆီးရမိတာ‌ေတွရှိပြီး အရေအတွက် ၅၂၂၅ ပြားအထိ ဖမ်းဆီးရမိတာရှိတယ်လို့ သိရပါတယ်။

လက်ရှိကာလအတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေရှိနေတဲ့အပေါ် KSPအနေနဲ့ မူးယစ်ဆေးဝါးအန္တာရာယ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေကို လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ KSP သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဘိုဘိုက ပြောပါတယ်။

“ ကရင်နီပြည်ရဲ KSPအနေနဲ့ မူးယစ်ဆေး ဝါးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆိုလို့ရှိရင် ဒီဖက်မှာ အများဆုံးဖမ်းမိတဲ့ဟာပေါ့နော။ WYတွေ တွေ့တယ်။ အဲ့ကြောင့်မလို့ ကျနော်တို့ က မူးယစ်ဆေးဝါး အန္တာရယ်ကို လူငယ်တွေက ဒီ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ အန္တာရယ် ဘယ်လောက်ကြီးတယ်ဆိုတာကို သိဖို့အတွက် ကျနော်တို့ စိုးမိုးနယ်မြေထဲမှာရှိတဲ့ စခန်းတွေ ဆိုလည်း စခန်းတွေ အလိုက် ကျနော်တို့ ရုံးချုပ်ကလည်း မှုခင်းနဲ့ ထောက်လှမ်းရေးဌာနကလည်း မူးယစ်ဆေးဝါးအန္တာရယ် အသိပညာပေးဟောပြောပွဲတွေ လိုက်လုပ်နေတယ်ပေါ့နော။ နိုဝင်ဘာလအတွင်းမှာဆိုလို့ရှိရင် အမှတ် ၆ ရဲစခန်းတစ်ခုတည်းကို ကျနော်တို့ ၇ကြိမ် ရွာတွေ ၊ ကျောင်းတွေမှာ မူးယစ်ဆေးဝါး အန္တာရယ် အသိပညာပေးဟောပြောပွဲ လိုက်လုပ်ထားတာရှိတယ်။ “ လို့ KSP သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဘိုဘိုက ပြောပါတယ်။

KSPအနေနဲ့လည်း စိုးမိုးနယ်မြေတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး နယ်မြေအတွင်း ရှောင်တခင် စစ်ဆေးတာတွေ၊ ကင်းလှည့်တာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှုတွေလည်း တွေ့ရှိနေရတဲ့အတွက် လူငယ်တွေ သုံးစွဲလာကြမှာကိုလည်း စိုးရိမ်တယ်လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ နေထိုင်တဲ့ ဒေါ်စိန်ဖိုလျားနာက ပြောပါတယ်။

“ မူးယစ်ဆေးသုံးစွဲတာ ဆိုးကျိုးကတော့ အခုသားသမီးတွေပေါ့နော။ သုံးရင်တော့ ကောင်းကျိုးက တစ်ချက်ပဲရှိတယ်။ ဆိုးကျိုးကတော့ ပတ်ဝန်းကျင်လည်း ထိခိုက်တယ်။ မိသားစုလည်း ထိခိုက်တယ်။ စီးပွားရေးလည်းထိခိုက်တယ်။ ဘာဖြစ်လို့လဲဆိုရင် အလုပ်အကိုင်လည်း မလုပ်နိုင်။ အဲ့ဆေးပဲ စွဲ ခါကျတော့ လူငယ်ကို ဖျက်ဆီးတဲ့ ပုံစံမျိုး ပျက်စီးသွားတာပေါ့ လူတွေ။ အလုပ်အကိုင်လည်း မလုပ်ချင်ကြတော့ဘူး။ ဝင်ငွေ မရှိလည်း သူတို့က မသိတော့ဘူး။ မိဘတွေကိုပဲ ပြန်ပူဆာ မရရင်လည်း သူခိုး ကြမ်းပိုး တွေလည်း ဖြစ်လာနိုင်တယ်။ ဆိုးကျိုးတွေ အများကြီး ရှိတယ်။ ပြောရမှာပေါ့နော။ “ လို့ ဒေါ်စိန်ဖိုလျားနာက ပြောပါတယ်။

လက်ရှိကာလမှာဆိုရင် အုပ်ချုပ်ရေးယိုယွင်းနေတဲ့ ကာလဖြစ်တဲ့အတွက် ကရင်နီပြည်တွင်း မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲတာတွေလည်း ပိုများလာနေသလို စားဝတ်နေရေးခက်ခဲလာတဲ့အတွက် ဘိန်းစိုက်ပျိုးမှုတွေကိုလည်း တွေ့ရှိလာနေရပါတယ်။

spot_img
spot_img

Recent posts