spot_imgspot_imgspot_imgspot_img
Wednesday, July 16, 2025
spot_imgspot_imgspot_imgspot_img

နိုဝင်ဘာလ ၁၅ ရက်နေ့က လွိုင်ကော်မှာ ကလေးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

၁၁.၁၁ စစ်ဆင်ရေး ၅ ရက်နေ့မြောက်ဖြစ်တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကရင်နီပြည် လွိုင်ကော်မြို့အတွင်း ကလေး နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၃ဦး သေဆုံးခဲ့ရတယ်လို့ ကရင်နီ လူ့အခွင့်အရေး ဒါရိုက်တာ မေဇင်လတ်က ကန္တရဝတီတိုင်း(မ်) ကို‌‌ပြောပါတယ်။

“ဒီ ၁၅ ရက်ကတော့ သေဆုံးမှုက ၃ယောက်ရှိတယ်။ ။ လက်နက်ကြီး( ၁၂၀ )မမ (၃) လုံး နဲ့ ဒေါတဟေးကျေးရွာကို ကျတယ်။ အဲ့ဒီမှာ က စစ်ရှောင် သွားတဲ့ မောင်တီရယ်လို့ ခေါ်တယ် အသက် ၁၇ နှစ်ပေါ့နော်။ သူ လက်နက်ကြီး လက်မောင်းမှာ ထိတယ်။ နောက်ပြီး ဒီနံရိုး အထဲကို ဖောက်ဝင်သွားတဲ့ အတွက်ကြောင့်မလို့ပေါ့နော်။ သူကတော့ ဆုံးသွားတယ်။ နောက်တစ်ခုက မိသားစုပေါ့နော်။ မိသားစုက အမေနဲ့ သားဆုံးသွားတယ်။ သားက ကလေးဖြစ်တယ်ပေါ့နော်။ နောက်ထပ်တစ်ယောက်ကလည်း လက်တစ်ဖက် ပြတ်သွားတယ် ဆိုတဲ့ ဟာမျိုး ကျမတို့ သတင်း ရတယ်ပေါ့နော်”လို့ ကရင်နီ လူ့အခွင့်အရေး ဒါရိုက်တာ မေဇင်လတ်က ဆိုပါတယ်။

အသက် ၁၇ နှစ်ရှိတဲ့ မောင်တီရယ်ဟာ ဒေါတ‌ဟေး ကျေးရွာမှာ စစ်ရှောင်ရင်း လက်နက်ကြီး ထိတာဖြစ်ပြီး ကျန် သားအမိ ၂ ဦး ကတော့ မိုင်းလုံးရပ်ကွက်အတွင်း လက်နက်ကြီး ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ကလေး တစ်ဦးကိုပါ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီးတယ်လို့ မေဇင်လတ်က ဆိုပါတယ်။

ကရင်နီပြည်မှာ ၁၁.၁၁စစ်ဆင်ရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့ဟာ ၆ရက်မြောက် ရောက်ရှိလာပါပြီ။ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေ အဆမတန် အသုံးပြုပြီး လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့်လူထုတွေဟာ နေ့စဥ်နဲ့ အမျှ သေဆုံးမှုနဲ့ ထိခိုက်မှုတွေရှိနေပါတယ်။

spot_img