spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နေရပ်စွန့်ခွာပြီး အလောင်းနဲ့အတူ စစ်ရှောင်ရတဲ့ သူများ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်ရှိ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားတဲ့အပြင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် မြို့ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ပစ်ခတ်မှု ခနတာ ငြိမ်တဲ့အချိန်မှာ မြို့ပေါ်လူထုတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ အဲ့ဒီထဲမှာမှ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တစ်ခုမှာ ဒီကနေ့မနက်ပိုင်းမှာပဲ ဆုံးသွားတဲ့ သက်ကြီးရွယ်အိုအဖွားတစ်ယောက်ကို မြို့တွင်းမှာ လက်ရှိအခြေအနေအရ သင်္ဂြိုလ်ဖို့မဖြစ်နိုင်တဲ့အတွက် မိသားစုတွေက စစ်ရှောင်တဲ့နေရာကို အလောင်းသယ်ပြီး ခေါ်ယူသွားတာဖြစ်ပါတယ်။

မိသားစုနဲ့နီးစပ်သူတစ်ဦးက“အဓိကက လွိုင်ကော်မြို့ကို လူထုက စွန့်ခွာတာပေါ့နော လွိုင်ကော်မြို့ကို လူထုကစွန့်ခွာတယ် ဒီစွန့်ခွာတဲ့ထဲမှာမှ သေဆုံးတဲ့ ဒီအဖွားအိုတစ်ယောက်ကို လွိုင်ကော်မြို့မှာသင်္ဂြိုလ်ဖို့နေရာမရှိဘူးပေါ့နော တိကျတဲ့နေရာမရတာရယ် မီးနဲ့သင်္ဂြိုလ်ဖို့စီစဉ်ဖို့ မရှိတာရယ် အဲ့ဒါကြောင့်မို့ ဒီအလောင်းနဲ့အတူ စစ်ရှောင်တဲ့နေရာကိုသယ်သွားပြီးတော့မှ ဒီအလောင်းကို စစ်ရှောင်တဲ့နေရာမှာသွားသင်္ဂြိုလ်မှာဖြစ်တယ်” လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ လွိုင်ကော်မြို့ကို စွန့်ခွာရှောင်တိမ်းတဲ့သူ များပြားနေပြီး လွိုင်ကော်မြို့အထွက်လမ်းမှာ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်ခဲ့ပါသေးတယ်။

spot_img
spot_img