spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နေရပ်ပြန်မြေပဲသိမ်းတဲ့ စစ်ရှောင်တောင်သူ တစ်ဦး မြေမြုပ်မိုင်းနင်းမိ

CJ (ကန္တာရဝတီတိုင်း(မ်))

ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်နေ့ ) မနက်ပိုင်းက ‌‌ကရင်နီပြည် ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာ စိုက်ပျိုးထားတဲ့ခဲ့ မြေပဲ တေွကို သိမ်းဖို့ နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးဟာ မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။
ခြေတစ်ဖက်​​ပြတ်သွားသလို၊ လက်တစ်ဖက်နဲ့ မျက်နှာပါထိခိုက် ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

” ယာခင်းမှာ မထောင်ထားဘူး သူထင်လို့ သွားရာကနေ ထိသွားတာ၊ နည်းနည်းပဲ နုတ်ရသေးတယ်၊ သူက တစ်ခြားလူခေါ်သေးတယ်ပြောတယ်၊ သူများမလိုက်လို့ တစ်ယောက်ထဲ သူသွားလိုက်တာ မြေပဲနည်းနည်းပဲ နုတ်ရသေးတယ် အဲ့တာနဲ့ ထိသွားတယ်။ ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါမြေမြုပ်မိုင်းကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဒေါညေးခူကျေးရွာ
မှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေက ထောင်ထားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်

မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးသွားတဲ့ စစ်ဘေးရှောင် အမျိုးသားဟာ လက်ရှိမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။ သူကတော့ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာက အသက် (၃၃) နှစ်အရွယ် ဒေသခံ တစ်ဦးဖြစ်ပြီး၊ ၂ နှစ်အရွယ်နဲ့ ၄ လသား အရွယ် ကလေးနှစ်ဦး ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကဒါးလားတိုက်ပွဲ အပြီးမှာလည်း ထီးသော်ကူးကျေးရွာက ဒေသခံတစ်ဦး ဆိုင်ကယ်‌စီးရင်း မိုင်းနင်းမိ​တာကနေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

spot_img
spot_img