spot_img
Monday, December 11, 2023
spot_imgspot_imgspot_imgspot_img

နေအိမ်အတွင်း စစ်ကောင်စီတပ်တွေ ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိတာကြောင့် ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ လောကျေခူကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးဟာ နေအိမ်ခြံဝန်းအတွင်း မြေမြုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ အသက် ၅၀ ဝန်းကျင် အရွယ်ရှိပြီး မြေမြုပ်မိုင်းကြောင့် ခြေထောက် နှစ်ဖက်လုံးပြတ်ထွက်သွားပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူကမိုင်းနင်းမိတော့ခြေထောက် ၂ ဖက်စလုံးပြတ်သွားတာပေါ့နော။ ဒူးထိ ဒူးအောက်ပိုင်းနှစ်ဖက်စလုံးပေါ့ လုံး၀ကြေမွသွားတယ်။ အစနတွေ အလောက်ပဲကျန်တော့တယ် အ့လိုမျိုးပါ့နော။” လို့ ဖရူဆိုမြို့နယ်က ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးဟာ စစ်ဘေးရှောင်ရင်း ရိက္ခာယူဖို့အတွက် နေရပ်ပြန်ချိန်မှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မိုင်းနင်းမိပြီးနောက် ဆေးရုံသွားတဲ့လမ်းမှာ သွေးထွက်လွန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ သေဆုံးသူနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

“ချက်ချင်းတော့အသက်မထွက်ဘူး ဆေးရုံသွားဖို့လုပ်နေသေးပေမဲ့လည်း ဆေးရုံကဝေးတော့ နဲနဲပဲသွားရသေးတယ်ပေါ့နော။ အသက်ကထွက်သွားတော့ ပြန်လှည့်လာရတဲ့ အနေထားမျိူးဖြစ်သွားတာပေါ့” လို့ သေဆုံးသူအမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

မြေမြုပ်မိုင်းနင်းမိတဲ့ အဆိုပါ လောကျေခူကျေးရွာမှာ စစ်ကောင်စီက စက်တင်ဘာလ ၁၀ရက်နေ့က စပြီး တစ်ပတ်ကြာ အခြေချ တပ်စွဲနေထိုင်ခဲ့တာဖြစ်ပါတယ်။

ဖရူဆို-ဘောလခဲလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီတပ်တွေ ၀င်ရောက်တပ်စွဲခဲ့တဲ့ ကျေးရွာတွေမှာ နေရာအနှံ့ မိုင်းထောင်ထားတာကြောင့် ဒေသခံတွေအနေနဲ့ နေရပ် မပြန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )က တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts