spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နွေဦးဂုရုလေးများရဲ့ ပညာရေးစင်တာ အပတ်စဉ် ( ၂ ) သင်တန်းဆင်း

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းတစ်နေရာမှာ နွေဦးဂုရုလေးများရဲ့ ပညာရေးစင်တာ အပတ်စဉ် ( ၂ ) သင်တန်းဆင်းပွဲကို ယမန်နေ့ ( ဇူလိုင်လ ၈ ရက်နေ့) မှာ ပြုလုပ်ခဲ့ပါတယ်။

အပတ်စဉ် ( ၂ )သင်တန်းမှာ ကျောင်းသား ၅၈ ဦး သင်တန်းပြီးမြောက်ခဲ့ပြီး နောက်ထပ် အပတ်စဉ်တွေ ဆက်လက် ဖွင့်လှစ်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ သင်တန်းပြီးမြောက်ခဲ့တဲ့ သင်တန်းသား တစ်ဦးက ဘာသာစကားတွေ ဂီတတွေကိုပါ သင်ယူခဲ့ရတယ်လို့ ပြောပါတယ်။

“ကျနော့်အတွက် အများကြီး အကျိုးရှိပါတယ်။ ဒီကို မလာသေးခင်ဆို အင်္ဂလိပ်စကား တစ်လုံးမှတောင် မပြောတတ်ဘူး။ ဒီကို ရောက်လာတော့ အင်္ဂလိပ်စကားတွေ ပြောတတ်လာတယ်။ ပြီးတော့ လူရှေ့ထွက်ရဲတဲ့ သင်ကြားမှုတွေ ဆရာမတွေ သင်ပေးတဲ့အတွက် ကျနော် လူရှေ့ထွက်ရဲလာတယ်။ နောက်တစ်ခုက ကျနော်တို့ရဲ့ မိခင်ဘာသာစကား ဒီစာကို ကျနော်တို့ ဒီမှာ မလာဖြစ်ခင်မှာ ဘာမှမသိဘူး ဘာမှ မတတ်ဘူး။ ဒီကို ရောက်တော့ ကရင်နီစာတွေကို နည်းနည်းပါးပါး ကျွမ်းကျင်သလောက်တော့ ကျနော် ရေးတတ်လာတယ်။ ဖတ်တတ်လာတယ်။ ဂီတ musicပိုင်းမှာလည်း ကျနော်ဂီတာတွေ နည်းနည်း တီးတတ်လာတယ်။” လို့ သင်တန်းသား တစ်ဦးက ပြောပါတယ်။

နှစ်လတာ သင်တန်းကြားပေးတာဖြစ်ပြီး အပတ်စဉ် ( ၁ ) သင်တန်းမှာလည်း ၅၄ဦး သင်တန်းပြီးမြောက်ခဲ့ပါတယ်။ သင်တန်းပြီးမြောက်ခဲ့တဲ့ သူတွေ လက်ရှိမှာ စစ်ရှောင်စခန်းရဲ့ သင်ကြားရေးအပိုင်းမှာ ဝင်ရောက်ကူညီတာတွေ၊ နွေဦးဂုရုမှာ ဆက်လက် ပါဝင်ကူညီတာတွေ ပြုလုပ်နေပါတယ်။

စစ်ရှောင်တစ်နေရာမှာ ကျောင်းဖွင့်လှစ်ပြီး သင်ကြားပေးနေရပြီး မိုးရာသီဖြစ်တဲ့အတွက် ရေနှောက်တာတွေ၊ ဆိုလာမီး မနိုင်လို့ ဖယောင်းတိုင်နဲ့ စာကြည့်ရတာတွေ စတဲ့ အခက်အခဲ တွေရှိတယ်လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

“ Batch 1 နဲ့ Batch 2 ဘယ်လို ကွာခြားလဲဆိုတော့ Batch 1တုန်းက စစချင်း ဖြစ်တော့ ပစ္စည်း အဲ့လောက် စုံစုံလင်လင် မရှိဘူးပေါ့။ အခု Batch 2မှာတော့ ပြင်ဆင်မှုတွေ ရှိလာတယ်။ ပြီးရင် လူသိများလာတယ်။ အလှူရှင်တွေလည်း များလာတယ်ဆိုတော့ ပစ္စည်းတွေ ပိုစုံလင်တယ်။ ပြီးရင် သင်ကြားရေးပိုင်းမှာ ပိုပြီးတော့ အထောက်အကူ ဖြစ်တာ ပိုများတာပေါ့ ” လို့ နွေဦးဂုရုလေးများ ပညာရေးစင်တာ ဆရာမ တစ်ဦးက ပြောပါတယ်။

နွေဦးဂုရုများရဲ့ ပညာရေးစင်တာဟာ ကရင်နီပြည်တွင်းက စစ်ဘေးရှောင်လူငယ်တွေအတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကရင်နီစာပေ၊ အင်္ဂလိပ်စာဘာသာရပ်ကို အဓိက သင်ကြားပေးပြီး ပန်းချီ၊ ဂီတ၊ လက်မှုပညာ၊ တခြားသောဘာသာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။

spot_img
spot_img