spot_img
Monday, March 27, 2023
spot_img

နှစ်လအတွင်း အရပ်သားပြည်သူ ၁၉ ဦး သေဆုံးမှုရှိ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ (၂၈)ရက်နေ့အထိ နှစ်လအတွင်း စစ်ရှောင်အပါအဝင် အရပ်သားပြည်သူ (၁၉) ဦးအထိ သေဆုံးမှုရှိတယ်လို့ မတ်လ (၁)ရက်နေ့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရပ်သား(၁၃)ဦး နဲ့ စစ်ရှောင်နေစဉ်သေဆုံးသူ (၆)ဦး တို့ ဖြစ်ကြပြီး စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးရတာ အများစုဖြစ်တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဒီ ၁၃ယောက်ကတော့ အများအားဖြင့် စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ သေတာပေါ့နော။ ကျန်တဲ့ဟာတော့ စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်တာတွေရယ် အဲ့တာတော့ တစ်ယောက် နှစ်ယောက်ရှိတယ်ပေါ့။ အဓိကတော့ လက်နက်ကြီးထိမှန်ပြီးသေဆုံးတာတော့ များတယ်ပေါ့။ “ လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလ (၂၇)ရက် တစ်နေ့တည်း စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်မှ အရပ်သား ပြည်သူ ၂ဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်ကနေပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲ၊ ဖယ်ခုံ အနောက်ဖက်ခြမ်း ကျေးရွာတွေအတွင်း လက်နက်ကြီး ကျရောက်ခဲ့ပြီး ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရပ်သား ပြည်သူရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်တာက စိတ်ဒဏ်ရာရအောင် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ တိုက်ပွဲထဲမှာ ပစ်တယ်ဆိုရင်တော့ သူပစ် ကိုယ်ပစ်လို့ ကိုယ့်ရဲဘော်တွေထိရင် ကိုယ်ဝမ်းနည်းပေမယ့် ဒါကတော့ ခံသာသေးတယ်။ ဖြေသိမ့်လို့ ရတယ်။ အခုက တိုက်ပွဲမရှိပဲနဲ့ ဒီလိုမျိုး ရမ်းသမ်းပစ်တယ်။ တမင်ရည်ရွယ်ချက်ရှိရှိပစ်တယ်လို့ ကျနော်တို့ သတ်မှတ်လို့ရတယ်ပေါ့နော။ ပြည်သူကို စိတ်ဒဏ်ရာရအောင် နောက်ပြီးတော့ ခြိမ်းခြောက်အောင်ပေါ့နော။ “ လို့ သူက ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမှီတဲ့ စာရင်းအရ ဖေဖော်ဝါရီ တစ်လအတွင်း ရှမ်း-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး သေဆုံးပြီး ၂နှစ်ခွဲကလေးငယ်အပါအဝင် ပြည်သူ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ PKPFရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ဖေဖော်ဝါရီ ၂၈ရက်နေ့အထိ စစ်ရှောင်ရင်းသေဆုံးရသူအပါအဝင် ကရင်နီပြည်မှာ အရပ်သားသေဆုံးသူ (၄၃၉)ဦး ရှိတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...