spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နှစ်သစ်မှာ စိတ်ချမ်းသာစေမည့်လုပ်ရပ်များ အမြန်ဆုံးပေါ်ပေါက်လာပါစေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၁၉ခုနှစ်အတွင်းမှာ ပြည်နယ်ရဲ့ငြိမ်းချမ်းရေးအခြေအနေရ ပြန်လေ့လာကြည့်ရင်တော့ တိုက်ပွဲဖြစ်ပွားမှုတွေ မရှိခဲ့ပါဘူး။ ဒီအပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကော အစိုးရစစ်တပ်တွေဘက်ကိုကော လေးစားအသိအမှတ်ပြုရမည့် အခြေအနေတခုဖြစ်ပါတယ်။

တိုက်ပွဲမဖြစ်လို့ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းနေပြီလို့လည်း မှတ်ချက်ပြောဆိုလို့မရပြန်ပါဘူး။ ပြည်နယ်ရဲ့ တည်ငြိမ်မှုနဲ့ငြိမ်းချမ်းရေးကိုထိခိုက်စေတဲ့ ဖြစ်ရပ်ကြီးနှစ်ခုဖြစ်ပေါ်ပေါက်ခဲ့ပါသေးတယ်။

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တည်ထားတဲ့ကိစ္စရပ်မှာ ဗိုလ်ချုပ်ကြေးရုပ်မတည်ဖို့ ပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေအကြားမှာ ၂၀၁၈ ခုနှစ်ကတည်းက ပဋိပက္ခဖြစ်နေခဲ့ကြတာ အခုချိန်ထိ ပြဿနာက မပြီးသေးပါဘူး။

ဗိုလ်ချုပ်ကြေးရုပ်ကို တည်ထားလို့ ကရင်နီလူငယ်ကနေ ပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတို့ကို ကရင်နီအမျိုးသားသစ္စာဖောက် ၊ တိုင်းရင်းသား အချင်းချင်းသွေဖယ်အောင်လုပ်တယ်ဆိုပြီး ပြောထားတဲ့အပေါ်မှာ အစိုးရကနေ တရားပြန်စွဲလို့ လွိုင်ကော်မြို့နယ်တရားရုံးကနေတောင် အလုပ်နဲ့ထောင် ၆ လဆိုပြီး ပစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

အဲဒီလို ပစ်ဒဏ်လည်းချမှတ်ခံရတဲ့အပေါ် ပြည်နယ်အစိုးရ မကျေနပ်လို့ ထပ်ပြီးပြင်ဆင်ချက်တက်တာဟာလည်း ဥပဒေကို အာဏာအလွှဲသုံးစား လုပ်နေတာဟာ ပြည်သူတွေ အတွက် ဥပဒေမဲ့လွန်းရာကျပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၉ ခုနှစ်ကကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေ ကရင်နီလူငယ် (၆)ဦးတို့ကို ပြစ်ဒဏ်တိုးမြင့်ချထားဖို့ ထပ်မံတရားတရားခဓွင်တင်ရန် ပြည်နယ်အစိုးရကနေ ပြင်ဆင်တက်ထားတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

အဲဒီနောက်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ ပြည်နယ်အစိုးရကနေ လူငယ် ၆ ဦးကို ပြင်ဆင်ချက်တက်တဲ့အမှုကို ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။

နောက်ကစ္စရပ်တစ်ခုက ေတာင်သူလယ်သမားတွေကို စစ်တပ်က တရားစွဲထားတဲ့ကိစ္စမှာလည်း အစိုးရက ရေငုံနှုန်ပိတ်နေတဲ့ကိစ္စပါ။ တောင်သူလယ်သမားနဲ့ တက်ကြွလှုပ်ရှားသူ အရပ်ဖက်လူတွေစုစုပေါင်း အယောက်၄၀ ကတရားစွဲထားတာဖြစ်ပြီး တစ်ဝက်ကျော်လောက်က အချုပ်ချခံရလို့ ကျန်ခဲ့တဲ့မိသားစုတွေ ဘယ်လောက်အခက်အခဲကြုံတွေ့နေရတာကိုတော့အစိုးရက ဥပေက္ခာမပြုသင့်ပါဘူး။

ဒေါဆိုရှေးကျေးရွာနဲ့ ဒေါမူကလားကျေးရွာတွေဘက်က တောင်သူတွေကိုလည်း မြန်မာ့တပ်မတော် အမတ(၃၆၀)တပ်၊ အမတ (၃၆၅)တပ်နှင့် ခမရ(၂၅၀)ဘီအီးတပ်တို့ကနေ ပုဒ်မ ၄၂၇၊ ၄၄၇နဲ့ ၆/၁ နဲ့ အကျဉ်းထောင်မှာဖမ်းဆီး တရားစွဲထားတာဟာလည်းတစ်ဖက်မှာ ဌာနေတိုင်းရင်းသားတွေကို မတရား ဖိနှိပ် ချုပ်ချယ်ထားတာဖြစ်ပြီး ပြည်သူတွေကို ဒုက္ခဆင်းရဲတွင်းနက်တထက်နက်အောင် ပြုလုပ်ရာကျပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့လည်း စက်တင်ဘာလ ၃ရက်နေ့ ၂၀၁၉ခုနှစ်က အစိုးရနဲ့ မြန်မာတပ်မတော်ကနေ တောင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူ လူင်ယတွေကို တရားစွဲဆိုထားတဲ့ အပေါ် ကရင်နီပြည်လူငယ်များ သမဂ္ဂ(UKSY) ကပြင်းထန်စွာ ကန့်ကွက် ရှုတ်ချထားပါတယ်။

ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်အနေနဲ့ ယခုကိစ္စနဲ့ပတ်သက်လို့ ရေငုံနှုတ်ပိတ်မနေဘဲ ပြေလည်မှုရရှိစေဖို့ ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ကလည်း သြဂုတ်လ ၃၀ ရက်နေ့ကတိုက်တွန်းနိုးဆော်ထားပါတယ်။

ဒီဖြစ်ရပ် ၂ ခုဟာ ပြည်နယ်တွင်း နဲ့ နိုင်ငံတွင်းသာမကနိုင်ငံတကာရောက်နေတဲ့ ကရင်နီအမျိုးသားတစ်ရပ်လုံအထိ တက်ရောက်မှုရှိနေပါတယ်။

ဒီဖြစ်ရပ်နှစ်ခုဟာဆိုရင် တောင်သူတွေကော၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကော အစိုးရနဲ့ တင်းမာမူကိစ္စတွေက စိုးရိမ်စရာတွေ တွေ့ရပါတယ်။ ထိမ်းချုပ်မှုတွေ ကန့်သတ်မှုတွေ လုပ်လာတာကိုတွေ့ရပါတယ်။ ခြုံပြီးသုံးသပ်ရရင် ဦးသန်းစိန်အစိုးရလက်ထက်စာရင် ဒီအစိုးရလက်ထက် ကယားပြည်နယ်တွင်းက ပြည်သူတွေ နိုင်ငံရေးအရ ဖိနိုပ်မှုတွေ ပိုမိုခံစားနေကြရတာပါ။

အထက်ပါဖြစ်ရပ်ကြီးနှစ်ခုရဲ့ အကျိုးဆက်တက်ရောက်မှုက ၂၀၁၉ ခုနှစ်အတွင်းမှာတင် ပြီးသွားမည့်ကိစ္စရပ်မဟုတ်ဘဲ နှောင်နှစ်နှောင်နှစ်တွေမှာလည်း ဆက်ပြီးအကျိုးဆက်က တက်ရောက်မှုရှိသွားစေနိုင်ပါတယ်။

ဒါတွေက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်အဟန့်အတားဖြစ်စေတဲ့ လုပ်ရပ်တွေဖြစ်တာကြောင့် လာမည့်နှစ်သစ်မှာ တောင်သူတွေကော တက်ကြွလုပ်ရှားသူ ကရင်နီလူငယ်တွေအားလုံးအတွက် ကိုယ်ရောစိတ်ပါ ချမ်းသာစေမည့် လုပ်ရပ်များ အမြန်ဆုံးပေါ်ပေါက်လာစေဖို့ ကန္တာရဝတီတိုင်း(မ်)အဖွဲ့သားတွေက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

spot_img
spot_img

Recent posts