spot_img
Monday, March 27, 2023
spot_img

ပင်လောင်းမြို့နယ် နန်းနိမ် ကျေးရွာမှာ အိမ်ခြေ ၄၀ ဝန်းကျင် မီးရှို့ခံရကြောင်း ဒေသခံတွေဆို

spot_imgspot_imgspot_imgspot_img
ဓာတ်ပုံ – KNDF

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (မတ်လ ၁၁ရက်) မနက် ၁၁နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ်ကျေးရွာမှာ နေအိမ်တွေ မီးရှို့ခံနေရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၀ ဝန်းကျင် မီးရှို့ခံရနိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပင်လောင်းဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားတဲ့အတွက် မတ်လ ၉ ရက်နေ့ကတည်းက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ပင်လောင်းဒေသခံ တစ်ဦးက ပြောပြပါတယ်။

“ဒေသခံတွေက အကုန်လုံးထွက်ပြေးလိုက်ပြီ။ ၂ရက်လောက်ရှိပြီ။ ရွာ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးနဲ့ ရွာသား အယောက် ၂၀လောက် ပိတ်မိနေတယ်။ ဒီရက်တော့ လက်နက်ကြီးနဲ့ ပစ်တယ်။ လက်နက်ကြီးကတော့ နမ်းနိမ်ရွာ နားတစ်ဝိုက်ပေါ့။ ဘယ်နားကနေ လှမ်းပစ်လဲတော့ မသိဘူး ရွာနားတစ်ဝိုက်တော့ ရောက်လာတယ်။” လို့ သူက ပြောပါတယ်။

ဓာတ်ပုံ – KNDF

ကရင်နီအမျိုးသားကာကွယ်ရေးတပ် ( KNDF ) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီတပ်ဟာ ပအိုဝ်းစစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နန်းနိမ်ကျေးရွာက နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေကို မီးတင်ရှို့ဖျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယမန်နေ့ မတ်လ ၁၀ ရက်နေ့မှာလည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တွေနဲ့ ပစ်ခတ်မှုကြောင့် နန်းနိမ်ကျေးရွာ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျရောက်ပြီး ရွာထဲမှာကျန်ရစ်ခဲ့တဲ့ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

ပင်လောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတဲ့အတွက် လက်ရှိအချိန်အထိ ဒေသခံ ၈ ထောင်ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေဟာ ရေရှားပါးမှုဒဏ်ကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်နေကြသလို ဆေးဝါးလိုအပ်ချက်တွေလည်းရှိနေတယ်လို့ သိရပါတယ်။

“ အခု နန်းထာ မှာဆို တုပ်ကွေးမိကြတယ်။ ကလေးတွေ ကျန်းမာရေးဆို တော်တော်အဆင်မပြေဘူး။ မနေ့တုန်းကဆို အယောက် ခြောက်ဆယ်တောင်မှ ဖျားနေကြတယ်။ အဆင်မပြေဘူး တချို့နေရာ ရေအဆင်မပြေတာတွေရှိတယ်။ တချို့ စစ်ရှောင်တဲ့ နေရာကတော့ ရေရှားလို့လေ ဝမ်းပျက်ဝမ်းလျောဖြစ်ကြတာများတယ်။ ”လို့ ပင်လောင်းဒေသခံ တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ – KNDF

ဖေဖော်ဝါရီလ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ကရင်နီပြည် ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ ဘောလခဲမြို့နယ် တွေမှာ စစ်ကောင်စီဖက် စစ်မျက်နှာ (၄) ခုဖွင့်ပြီး စစ်ကြောင်း ၁၂ ကြောင်းနဲ့ ထိုးစစ်ဆင်လျက်ရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာဆိုရင်လည်း စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကောင်စီထိုးစစ်ဆင်နေပြီး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက် လေကြောင်း အသုံးပြုတိုက်ခိုက်နေပါတယ်။

ဓာတ်ပုံ – KNDF
spot_imgspot_imgspot_imgspot_img

More from the blog

TV Dating Professional Damona Hoffman Doubles Down on Dating Content

The Scoop: during the last 13 years, Damona Hoffman is starting to become an expert when you look at the online milfs dating scene by...

Chatib Évaluation 2021

Chatib tout simplement pas très populaire parmi les personnes, il est dans le grand public site Web et ne sera pas besoin...

Conseils simples pour Savoir Vous pouvez compter sur Lui

Contenu dans ce insensé tout sur moi monsite de rencontre gay gratuite, ça peut être très difficile obtenir quelqu'un que vous pouvez faire...

Abbiamo la prova che YourSecretHookup.com imbrogli People

Sito Dettagli: Cost: 1 giorno demo membership cost $ 1,00 that will restore at $ 39,95 . ...