spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပင်လောင်းမြို့ရောက် ကရင်နီစစ်​ရှောင်တွေရဲ့ ၂၅ ရာခိုင်နှုန်းမှာ ရာသီတုပ်ကွေးအဖြစ်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်‌နယ်တောင်ပိုင်း ပင်လောင်းမြို့ကို ရောက်ရှိခိုလှုံနေကြတဲ့ ကရင်နီစစ်ရှောင်တွေထဲက ၂၅ ရာခိုင်နှုန်းမှာ ရာသီတုတ်ကွေးအဖြစ်များနေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ မိုးရွာသွန်းမှုကြောင့် စောင်လုံလောက်မှု မရှိတဲ့ အပြင် အအေးဓတ်တွေလည်း ရှိနေပြီး နှာစေး၊ချောင်းဆိုး၊ လည်ချောင်းနာတာတွေ ဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေမှာ အများဆုံးဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှူကြပ်တာတွေ ဖြစ်တာပေါ့နော်။ ဖျားတာတွေ ရှိတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဆောင်းပြောင်း ၊ ပင်လောင်း ၊ နောင်တရား ၊ တီကျစ် နဲ့ အောင်ပန်း ဂိတ်တွေမှာ ပိတ်ထားပြီး ဆေးဝါးတွေ သယ်ယူမှုမရတဲ့အပြင် စားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ ၊ ဆား တွေလဲ သယ်ယူခွင့်မရှိဘူးလို့ စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။

“ခုဆို ဆန်၊ ဆီ၊ ဆား ၊ဆေး လုံးဝပေးမသယ်တော့ဘူးဗျ။ ရွာမှာရောင်းနေတဲ့ ကုန်စုံဆိုင်တွေတောင် ပိတ်ခိုင်းနေတယ်” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိစစ်‌ရှောင်မှာ ပင်လောင်းမြို့နယ်ထဲကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ဦးရေ ၂သောင်းဝန်းကျင်ရှိနေပြီး ဆေးဝါးလိုအပ်မှုတွေရှိသလို အဝတ်အထည်တွေလည်း လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts