spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပညာရေးအခွင့်အလမ်း နည်းပါးတဲ့ဒေသတွေမှာ ကွန်ပျူတာသင်တန်းပို့ချမှုကို KPPA ဆောင်ရွက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီနိုင်ငံရေးအကျဉ်းသားများအတွက် ကူညီစောင့်ရှောက်ရေး ဆောင်ရွက်နေတဲ့ KPPA အဖွဲ့ဟာ လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်းပို့ချမှုကို ဆောင်ရွက်နေတယ်လို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးထံကနေ သိရှိရပါတယ်။

ဖွင့်လှစ်ခဲ့တဲ့ အပတ်စဥ် (၃) သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၁၀ ရက်နေ့မှာ ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA)က ထုတ်ပြန်ထားပါတယ်။

“တစ်ရွာပြီးတစ်ရွာ ရွှေ့ပြောင်းပြီး ဖွင့်လှစ်တဲ့အပိုင်းက စောနပြောသလိုပဲ ပညာရေးအခွင့်အလမ်းနည်းပါးတဲ့ ဒေသတွေဖြစ်တဲ့အတွက် အဲ့ဒီဒေသကပဲ ပိုပြီး တက်ရောက် သင်ကြားတယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး အခု KPPAနဲ့ The Present Team တို့ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့တဲ့ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ်(၃)က ဒီ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာတစ်ရွာမှာပေါ့နော် သင်တန်းသား /သူ (၃၄)ဦးနဲ့ KPPA က သင်တန်းဆရာ တစ်ဦးကဦးဆောင်ပြီး ဖွင့်လှစ်ခဲ့တာပေါ့နော်။ ဒီ ၈.၄.၂၀၂၄ မှာ စတင်ဖွင့်လှစ်ခဲ့တယ် ပြီးတော့ ၅.၅.၂၀၂၄ မှာ အောင်မြင်စွာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်”လို့ KPPA ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အပတ်စဥ် ၁ ကို သင်တန်းသားဦးရေ (၆၀) နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်ကနေ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အပတ်စဥ် ၂ ကိုတော့ သင်တန်းသားဦးရေ (၆၀) နဲ့ မတ်လ ၁၅ ရက်ကနေ ဧပြီလ ၂၆ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းတစ်နေရာမှာ ဖွင့်လှစ်ပို့ချခဲ့တယ်လို့ သိရပါတယ်။

KPPA အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစောင့်ရှောက်ရေးအပြင် အခြားသော စစ်ရှောင်အရေးတွေမှာလည်း ကူညီဆောင်ရွက်နေသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း မှတ်တမ်းတင် စောင့်ကြည့်နေတယ်လို့ KPPA ရဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကဆက်ပြောပါတယ်။

“အခုဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်ပြီး ကျနော်တို့‌လေ့လာ စောင့်ကြည့်ရေးမှတ်တမ်း တင်တဲ့ ကိစ္စကို ဆောင်ရွက်နေပါတယ်။ကျနော်တို့ရဲ့ ပင်တိုင် လှုပ်ရှားမှုကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အကုန် ဆောင်ရွက်တယ်ပေါ့နော်။ အကျဉ်းထောင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ရယူတာရယ် ပြီးတော့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စားဝတ်နေရေးတွေကို ကူညီစောင့်ရှောက်ပေးတဲ့ ကဏ္ဍတွေကို ဆောင်ရွက်နေကြပါတယ်။”လို့ သူက ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကာလမှာ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းကို ဖန်တီးပေးနေသလို အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ သင်တန်းပို့ချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ နောက် ဖွင့်လှစ်သွားမယ့် အပတ်စဉ် သင်တန်းတွေအတွက် လိုအပ်တဲ့ ကဏ္ဍတွေမှာ ပါဝင်ကူညီနိုင်တယ်လို့ KPPA က ဖိတ်ခေါ်ထားပါတယ်။

spot_img
spot_img

Recent posts