spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပညာသင်ခွင့်မရအောင် စစ်ကောင်စီက စာသင်ကျောင်းတွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီကို အပြင်းအထန်တွန်းလှန်တိုက်ခိုက်နေတဲ့ ကရင်နီပြည်မှာ လူငယ်တွေပညာသင်ကြားခွင့်မရရှိအောင် စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“ သူတို့စိတ်ကြိုက်ပညာရေးစနစ် စိတ်ကြိုက်အုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့ လုပ်လို့မရတဲ့အတွက်ကြောင့်မလို့ ပညာသင်ကြားတဲ့နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတယ်။ ဒါက ဖျက်ဆီးလိုက်တာပေါ့နော ဒီလူတွေ ကျောင်းမသင်ရလေအောင် စာမသင်ရလေအောင် ကလေးတွေကို ကျောင်းမနေရအောင် လုပ်တဲ့နည်းပဲ။ မိဘတွေကလည်း ကလေးတွေကို ကျောင်းမပို့ရဲအောင် လုပ်တဲ့နည်းပဲ။ ” လို့ ဦးဗညားက ပြောပါတယ်။

စစ်ကောာင်စီဟာ ခေတ်အဆက်ဆက် ပြည်သူတွေကို အကြောက်တရားနဲ့ ပညာမဲ့အောင်ပြုလုပ်ပြီး အုပ်ချုပ်လာခဲ့တဲ့ ပုံစံအတိုင်း လက်ရှိမှာလည်း ကရင်နီက လူငယ်တွေကို ပညာသင်ကြားခွင့်မရရှိအောင် ပြုလုပ်နေတာဖြစ်တယ်လို့ ဦးဗညားကဆက်ပြောပါတယ်။

လက်ရှိကရင်နီမှာ စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့ လွိုင်ကော်မြို့ပေါ်မှာ ကလွဲပြီး ကျန်တဲ့ မြို့နယ်တွေမှာတော့ စစ်ရှောင်တွေကိုယ်တိုင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သင်ကြားပေးတဲ့ ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းအရေအတွက် အတိအကျကိုမသိရသေးပေမဲ့ ယခုနှစ်ဇူလိုင်လ အတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။

ဒါ့အပြင် တိုက်ပွဲမဖြစ်တဲ့ နေရာတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ နဲ့ နေအိမ် ၊ စာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့ရတာတွေရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေပိုမိုလုပ်ဆောင်လာတာကြောင့် မိဘတွေက သားသမီးတွေကို ကျောင်းထားဖို့ အတွက် စိုးရိမ်နေရ သလို ကျောင်းသူကျောင်းသားတွေကလည်း ကျောင်းတက်ဖို့ ကြောက်ရွံ့နေသူတွေလည်းရှိနေပါတယ်။

“ စာသင်ရတာ ဆင်မပြေဘူး အမြဲတမ်းကြောက်စိတ်ရှိတယ်။ လေယာဉ်လာမှာကိုကြောက်တယ် စာသင်တာလည်း ပုံမှန်မသင်သွားဘူး။ ကြောက်စိတ်တွေရှိတော့ စာသင်နေတာ ဆင်မပြေဘူး။ အခု ကျမတို့ဒီကို ပြေးလာတယ် ဆင်မပြေဘူး စာသင်ချင်လဲ သင်မရဘူး စာကိုပြန်သင်ချင်တယ်။ စာသင်နေချိန်မှာ လက်နက်ကြီးသံတွေ ကြားရင် ကျောင်းခဏခဏ ပိတ်တယ်။ ကျမတို့ကျောင်းတက်ရရင်လည်း နေ့တစ်ပိုင်းပဲ တက်ရတယ် ညတစ်ပိုင်းဆို စာမသင်ရဘူး ဆင်မပြေဘူး။ ကျောင်းပြန်တက်ပြီး စာပြန်သင်ချင်တယ်။ ” လို့ စာသင်ကျောင်း ကို ဗုံးကြဲခံရတဲ့ ကျောင်းသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို ရန်သူတဖွယ်ပစ်မှတ်ထားတိုက်ခိုက်လာပြီး လူအစုအဖွဲ့တွေ များများရှိနေနိုင်တဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေ၊ နဲ့ ဆေးပေးခန်းတွေကို အဓိကထားပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

“ စစ်ဇုံမဟုတ်တဲ့ ဘာသာရေးအဆောက်အအုံတို့ စာသင်ကျောင်းဆောင်တို့ကို လေယာဉ်နဲ့ တိုက်ခိုက်တယ်လို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော။ မြေပြင်မှာ ကျနော်တို့သွားလာတဲ့အချိန်မှာလည်း ကြုံတွေ့ရတယ် မြင်ရတယ်။ ဘာကြောင့်လဲဆိုရင် အကြမ်းဖက်စစ်ကောင်စီသည် သူတို့ရဲ့ရန်သူဟာ ပြည်သူတွေဖြစ်နေပြီ ပြည်သူကိုရန်သူလိုသတ်မှတ်ပြီး ချေမှုန်းနေတယ်ပေါ့။ ” လို့ အဆိုပါ စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေးလုပ်ပေးသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ မှာပဲ ထိုင်းကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူကျောင်းသား ရာ နဲ့ချီ စာသင်ကြားခွင့်ဆုံးရှုံးခဲ့ရပြီး စစ်ဘေးရှောင် ၄ထောင်နီးပါးဟာ လက်ရှိမှာ ထိုင်းနိုင်ငံအတွင်း ယာယီခိုလှုံနေရပါတယ်။

spot_img
spot_img

Recent posts