spot_img
Friday, March 24, 2023
spot_img

ပဒါးညေးကျေးရွာအနီးတိုက်ပွဲမှာ အရပ်သားနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူရှိ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ ပဒါးညေးကျေးရွာအနီးမှာ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူ လေးယောက် ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ခဲ့တဲ့ပရဟိတအသင်း ထံကနေ သိရပါတယ်။

“ကျနော်တို့ သွားခေါ်ပေးခဲ့တဲ့သူကတော့ ဒဏ်ရာရတဲ့သူကတော့ တစ်ယောက်ပေါ့နော။ ဒါပေမယ့် စုစုပေါင်းကတော့ ဒဏ်ရာရတဲ့သူ လေးယောက်နဲ့ သေဆုံးသူ နှစ်ယောက်လို့ သိရတယ်ဗျ။ သွားခေါ်တာက မနေ့က ညနေ သုံးနာရီခွဲလောက်ဗျ။ အခုတော့ ငြိမ်နေတယ်ဗျ။ တိုက်ပွဲက မနေ့ မနက်ကတည်းကဖြစ်တာ။ ညနေ သုံးနာရီအထိဗျ။ ကျနော်တို့လည်း လူနာသွားခေါ်တာ လမ်းပေါ်မှာပဲ သွားခေါ်တာ။ ရွာထဲတော့ မဝင်ရသေးဘူးဗျ။ သေဆုံးတဲ့လူနာကတော့ ကျနော်တို့ အလောင်းကိုတော့ သွားမသယ်ရသေးဘူး။ ပဒါညေး၊ နွားလဝိုးက ဒေသခံတွေ သူတို့ရှောင်နေရပြီဗျ။” လို့ ပရဟိတ အသင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း နေအိမ်တချို့မီးရှို့ခံရတာ၊ လက်နက်ကြီးထိမှန်ပျက်စီးတာ ရှိခဲ့တယ်လို့ ဒေသခံပြောကြားချက်အရသိရပါတယ်။ နေအိမ်မီးရှုံခံရတဲ့ အိမ်က မိသားစုကိုလည်း ဆက်သွယ်လို့မရ ပျောက်ဆုံးနေပြီး ဒီမနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ဖမ်းဆီခေါ်ဆောင်ခြင်းခံရတယ်လို့ ပြောဆိုမှုရှိနေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တာကို စိုးရိမ်တဲ့အတွက် နွားလဝိုးကျေးရွာအုပ်စုထဲက ဒေသခံအများအပြားက ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF B-02 ) ကတော့ လွိုင်ကော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာလ ၁၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း KNDF B-02 က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၃ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးတစ်ဝိုက်နဲ့ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုဖို့လည်း KNDF B-02 က ထုတ်ပြန်တိုက်တွန်းထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...