spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပန်းချီရေးဆွဲပြီး တော်လှန်ရေးအတွက် ရန်ပုံငွေရှာနေတဲ့ ရဲဘော် အဂ္ဂ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အသက် ၂၃နှစ်အရွယ် အဂ္ဂဟာ တဲသေးသေးလေးရဲ့ ဝါးရံတာအပြင်ဖက်လေးမှာ သူတတ်ကျွမ်းတဲ့အရာတစ်ခုဖြစ်တဲ့ ပန်းချီကို ရေးဆွဲနေပါတယ်။ သူဟာ ၂၀၂၁ခုနှစ် အာဏာမသိမ်းခင်အချိန်ကတော့ ပညာရေးဝန်ထမ်းတစ်ဦးပါ။ ကျောင်းဆရာလုပ်သက် ၃နှစ်ကျော်ရှိပြီး မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းပြီး စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒထုတ်ဖော်တဲ့ သပိတ်တစ်လျှောက် ပညာရေးကဏ္ဍကနေ ပါဝင်ဆင်နွှဲခဲ့သလို အာဏာရှင်စနစ်အလိုမရှိ သင်္ကတတစ်ခုဖြစ်တဲ့ လက်သုံးချောင်းထောင်တဲ့ပန်းချီလည်း ရေးဆွဲခဲ့ပါတယ်။ သပိတ်ကာလကတည်း သူတတ်ကျွမ်းတဲ့ပန်းချီးရေးဆွဲပြီး ရရှိလာတဲ့ အလှူငွေကို သပိတ်အတွင်းလိုအပ်တဲ့နေရာတွေမှာ ထည့်ဝင်ခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။

ယခင်ကတည်းက ပုံတူပန်းချီ၊ နံရံရေးဆွဲတဲ့ပန်းချီရေးဆွဲရတာ စိတ်ဝင်စားပြီး ၁၀တန်းအောင်ပြီးတဲ့အချိန်ကစ ပန်းချီပညာကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ခုနှစ်ကတည်း စစ်ကောင်စီကို လက်နက်ကိုင်ပြီး စတင်ခုခံတော်လှန်ခဲ့တဲ့အထဲ အဂ္ဂ ဟာ တစ်ဦးအပါအဝင်ပါ။ သူ့ရဲ့ ကျောင်းဆရာဝန်ထမ်းဘဝကို စွန့်လွှတ်ပြီး တော်လှန်ရေးထဲမှာ တစ်စိုက်မတ်မတ်ပါဝင်ခဲ့သူပါ။ ပုံတူပန်းချီ၊ သဘာဝရှုခင်း ပုံတွေ အဓိက ဆွဲဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လအတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF) တပ်ရင်းအမှတ် (၁) ထဲ စတင်ဝင်ရောက်ခဲ့ပြီး မိုင်းဌာနမှာ ရဲဘော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူတတ်ကျွမ်းတဲ့ ပန်းချီရေးဆွဲပြီး တော်လှန်ရေးအတွက် တစ်ဖက်တစ်လှမ်းကနေ ရန်ပုံငွေ၊ အလှူငွေ ရရှိအောင် ပန်းချီမဲအဖြစ်နဲ့ ရောင်းချနေတာရှိပါတယ်။ အနုပညာဆန်ဆန် လှပတဲ့ပန်းချီအဆင့်ထိတော့မဟုတ်ပေမယ့် ရှိတဲ့ပစ္စည်းလေးနဲ့ပဲ လှပတဲ့ပန်းချီကားတစ်ချပ်ဖြစ်အောင် ရေးဆွဲလျက်ရှိနေပါတယ်။

လက်ရှိ (စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်း) မှာဆိုရင် ရေဆေးပန်းချီနှစ် ကား၊ ခဲပန်းချီ တစ်ကားကို မဲတစ်စောင် (၁၅၀၀၀) ကျပ်နှုန်းနဲ့ မဲအစောင်ရေ (၅၀၀)အထိရောင်းချနေပြီး တစ်လကျော်အတွင်း မဲအစောင်ရေ (၃၀၀)နီးပါးသာရရှိသေးတယ်လို့ ဆိုပါတယ်။ ရရှိလာတဲ့ အလှူငွေတွေကို တပ်ရင်းရဲ့ ဒရုန်း (Drone) ဝယ်ယူရေးအတွက် ပြန်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်ကနောက်ပိုင်းမှအိမ်ကို ပစ္စည်းတွေပြန်မှာတာ။ ပြန်မှာတော့ စာအုပ်ကြားထဲမှာဆွဲပြီးသားပုံပါလာတယ်။ အ့တာကို ဘောင်သတ်ပြီးတော့ရောင်းကြည့်မယ်ပေါ့ ။အဲဒါနဲ့ သူငယ်ချင်းတွေကလည်း တစ်ချို့ကလည်းအကြံပေးတယ်။ အဲ့ဒါနဲ့ ရောင်းကြည့်လိုက်တာ ပန်းချီမဲလေး အ့လို ကိစ္စလေးဖြစ်သွားတာပေါ့။ ဟိုဟာနည်းနည်း ရောင်းရ ရန်ပုံငွေ နည်းနည်းပါးပါးရတယ်ဆိုရုံပေါ့ “

KNDF မူပိုင် သီချင်းတစ်ပုဒ်အတွက် KNDF logo တံဆိပ်ပါတဲ့ ဆေးပန်းချီပုံကို အချိန်ပေးရေးဆွဲထားပြီး အဲ့ဒီပန်းချီးကားရဲ့ အဓိပ္ပာယ်တစ်ခုချင်းကို သူက အခုလိုရှင်းပြထားပါတယ်။

“အ့ပန်းချီကားက ဘယ်လိုပုံစံနဲ့ ဘယ်လိုစိတ်ကူးနဲ့ဆွဲလိုက်လဲဆိုတော့ အ့မှာတော့ တောင်က အမြင့်ဆုံးတောင်က ဒီ ကရင်နီပြည်မှာ အမြင့်ဆုံးတောင်က လွိုင်နန်းဖ ပေါ့နော။ အ့လွိုင်နန်းဖတောင် အ့မှ ထောင်ထားတဲ့အလံကတော့ ကရင်နီအလံပေါ့နော။ ကရင်နီအလံဆို ဒီကရင်နီပြည် တစ်ခုလုံးကို ကိုယ်စားပြုတဲ့အလံပေါ့နော့။ ကရင်နီအလံ နဲ့ ရဲဘော်တွေကတော့ KNDF ဆိုတော့ KNDF ဘက်တံဆိပ်နဲ့ချည်ထားတယ် ။ နောက်အ့တောင်ပေါ်မှာကတော့ ဒီ ကျွန်တော်တို့ဒီ တော်လှန်ရေးက ကျွန်တော်တို့ဒီ ဂျန်နရေးရှင်းဇက်(Generation-z ) တွေကပေါ့နော။ ဂျန်နရေးရှင်း ဇက်တွေက လူမျိုးလည်းမခွဲဘူး။ ဘာသာလဲမခွဲဘူးအ့ပုံစံပေါ့နော ။ လူမျိုးစွဲမရှိဘူး။ ဘာသာစွဲမရှိဘူး။ အ့တာကိုပြောပြချင်တယ်ပေါ့နော။ အကုန်လုံးစည်းစည်းလုံးလုံးနဲ့ပေါ့နော။ စည်းစည်းလုံးလုံးနဲ့အားသွန်ခွန်စိုက်လုပ်မယ်ဆိုရင် ဒီကရင်နီ အလံက တစ်ချိန်မှာပြန်ထောင်နိုင်မယ်ပေါ့နော။ အဲ့စိတ်ကူးနဲ့ဆွဲဖြစ်ခဲ့တယ်ပေါ့ “

ရဲဘော်အဂ္ဂဟာ ပန်းချီးရေးဆွဲတဲ့ ဝါသနာကိုလည်းမစွန့်လွှတ်သလို တစ်ဖက်မှာလည်း တော်လှန်ရေးမှာ ပူးတွဲပါဝင်နေတာဖြစ်ပါတယ်။ တော်လှန်ရေးရန်ပုံငွေ ရရှိဖို့အတွက် ပံ့ပိုးနိုင်တဲ့သူရှိရင် ပန်းချီလေလံတင်တဲ့အဆင့်ထိ မျှော်မှန်းထားပြီး လက်ရှိလုပ်ဆောင်နေတဲ့ ပန်းချီမဲလေးတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သူက ပြောပါတယ်။

” တခြားမြို့ထဲကလိုမျိုး ပန်းချီလေလံတင်တာတို့ဘာတို့ အ့လိုမျိုးတွေတော့ ကျွန်တော် အချိတ်ဆက်ရှိရင်တော့ လုပ်တော့လုပ်မယ် လို့တော့စိတ်ကူးထားတယ်။ အဲ့လိုမျိုး တစ်ကယ်လို့ တစ်ယောက်ယောက်က ချိတ်ပေးမယ် အ့လိုမျိုး ရောင်းပေးမယ် လေလံတင်ပေးမဲ့သူပေါ့နော အ့လိုမျိုးရှိရင်တော့ ကျွန်တော်အချိန်ပေးပြီးတော့ ပုံ နည်းနည်း ကောင်းကောင်းလေးပြန်ဆွဲဖို့တော့ အစီစဥ် ရှိတယ်ပေါ့။ အဲ့လိုမျိုးလေးတော့ရှိတယ် ။နောက်ပိုင်းကိုတော့ အဲ့ပန်းချီမဲလေးတွေ အဲ့တာတွေကျတော့လည်း ရောင်းပေးမဲ့သူတွေ ရှိရင်လည်း ရောင်းမဲ့အစီစဥ်တွေရှိတယ် “

လက်ရှိမှာတော့ ရန်ပုံငွေရှာတာအပြင် ပန်းချီပညာစိတ်၀င်စားတဲ့ ဆယ်ကျော်သက်ကျောင်းသားလူငယ်တွေကို တစ်ပတ်မှာတစ်ရက် အချိန်ယူပြီးတတ်နိုင်သလောက်လေး သင်တန်းပို့ချပေးနေတာတွေ ရှိတယ်လို့သူကပြောပါတယ်။

မတရား အာဏာသိမ်းမှုကိုကို လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ ပညာရေးဝန်ထမ်းကိုစွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေးအထိ ပါဝင်ခဲ့တဲ့အချိန်ကစပြီး အဆုံးစွန်ထိ လက်နက်ကိုင်လမ်းစဉ်ကို ဘဝတူရဲဘော်တွေနဲ့ ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့ကျရင် ဝါသနာပါတဲ့ ပန်းချီရေးဆွဲတာကို အချိန်ပေးလေ့လာသွားမှာဖြစ်ပြီး ကိုယ်ပိုင်ပန်းချီပြပွဲအဆင့်ထိ လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သူရဲ့အိပ်မက်ကို ပြောသွားပါတယ်။

“တော်လှန်ရေးအောင်သွားခဲ့ရင်တော့ ပန်းချီနဲ့ပတ်သက်ပြီး ပိုပြီး ကိုယ့်လက်ရည်ပိုတက်အောင် အချိန်ပေးဆွဲမယ် အချိန်ရရင် ရသလိုဆွဲမယ်။ လုပ်ချင်တာက ကိုယ်ပိုင်ပြပွဲတွေ ဘာတွေပေါ့နော လုပ်ချင်တာ လွိုင်ကော်မှာပေါ့။ လွိုင်ကော်မှာက ပြပွဲတွေတော်ရုံမရှိဘူးလေ။ တောင်ကြီးတို့ ရန်ကုန်တို့ မန္တလေးတို့ဆိုရှိတယ်။ သူများတွေလောက် အဆင့်မှီတဲ့အထိ ပညာတွေလေ့လာ ကိုယ့်လက်ရည်တက်အောင် ကြိုးစားလေ့ကျင့်ပြီး ဆွဲမယ် ပြပွဲတွေလုပ်နိုင်တဲ့အထိ ကိုယ့်ရဲ့ ပုံစံ လမ်းကြောင်းရတဲ့အထိ ဆွဲချင်တာပေါ့”

ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
ဓါတ်ပုံံ – တော်လှန်ရေးအတွက် ပန်းချီးရေးဆွဲနေတဲ့ ရဲဘော် အဂ္ဂ
spot_img
spot_img

Recent posts